Lorem Ipsum

မနေ့က ထမင်းဝိုင်း

 Saturday, December 25, 2010

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်ကနေ ဆက်တိုက် အပြင်ထွက်နေရတယ်။ ပါတီ ပါတီ ပါတီတွေပေါ့။ ကိုယ်တို့ကတော့ ခရစ္စမတ်ကို ဘာမှထွေထွေထူးထူး လုပ်လေ့မရှိတော့ အပြင်လည်းမထွက်ချင်ဘူး။ ထမင်းပဲ ချက်စား လိုက်ကြတယ်။ ကဲဝင်စားလို့ရတယ်နော် :)





ငါးပိရည်ဖျော်တယ်။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ/နီကို မီးကင်ပြီးထောင်းပါတယ်။။ ရေကျိုငပိကို ဆနွင်းနဲနဲ ထည့်ပြီး ရေဆူထည့်  အရိုးထုတ်ပြီးသားငါး သုံးလေးတုံးကို ငပိထဲထည့်ပြီး တည်ထားလိုက်တယ်။ ငါးရရင် ဆယ်ပြီး ငရုတ်သီးထောင်းထဲထည့်၊အချိုမှုန့်ထည့်ထောင်း။ ကျန်နေတဲ့ငပိရေထဲ မကျီးသီးစိမ်း၃တောင့်ထည့် နူးမြည့်သွားရင်ခြေပြီး အဖတ်တွေကို ဆယ်ထားလိုက်တယ်။  ပြီးရင် ငပိရည်ထဲ ထောင်းထားတဲ့ အဆာပလာထည့်ပြီး ရောသမမွှေလိုက်ရင်ရပါပြီ။








တို့စရာ အသီးအရွက်မရှိတာနဲ့ Bok Choy နဲနဲကျန်နေတာကို ပါးပါးလှီးပြီး ပြုပ်လိုက်တယ်။ တမျိုးထဲအ ရောင်မလှလို့ ဥနီနဲနဲ မျှင်ပြီးထည့်လိုက်တယ်။ ကြက်သွန်ဖြူဆီချက်၊ ငံပြာရည်၊ မြေပဲ၊ နှမ်းလှော်၊ ပုဇွန် ခြောက်ထောင်းပြီး ထည့်နယ်လိုက်ပါတယ်။ အသုပ်တပွဲရပြီ :)




ကြက်ဥတလုံးကို ဂျူံမှုန့်တဇွန်းထည့်ပြီး နာနာခေါက်ပါတယ်။ ပြီးရင် ပါလာတူးငါး ( ပေါင်းပြီးသား)ကိုမှုန့်နှစ် ထဲထည့်ကြော်ပါတယ်။ မှုန့်နှစ်ကျန်တာနဲ့ ပန်းပွင့် နဲ့ကြော်လိုက်တယ်။



ငါးဆန်လှော်ဟင်းပါ။ ရေဆူထည်း စပါလင် တချောင်းထုတည့်၊ အရိုးထုတ်ပြီးသား ငါးကို နုပ်နုပ် စဉ်းထည့်ပြီး တည်ထားလိုက်တယ်။ ငါးအချိုရည်ထဲ ဆန်လှော်မှုန့် ထမင်းစားဇွန်း ၂ဇွန်းထည့်၊ အချိုမှုန့်နဲ့ ဆားထည့်ပြီး တည်ထားလိုက်တယ်။ ထမင်းစားခါနီးမှ ငရုတ်ကောင်းစေ့နဲ့ ကြက်သွန်ဖြူ ထောင်းထည့်၊ ကြက်သွန်မိတ် ခတ်သောက်ပါတယ်။ (အိမ်မှာ ပင်စိမ်းမရှိလို့ပါ)



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP