Lorem Ipsum

ရှမ်းခေါက်ဆွဲ(၁)

 Sunday, December 12, 2010

မနေ့ညက တညလုံးအိပ်မပျော်ဘူး။ သတိရနေတယ် ဟဟ အိမ်ကိုပြောပါတယ်။ မြန်မာပြည် ပြန်ချင်နေတာပါ။ ဆောင်းတွင်းဆို ကချင်ပြည်နယ်ကို အရမ်း ပြန် ချင် ပါ တယ်။ ဆောင်း ချိန်မှာ ကချင်ပြည်နယ်က အသီးအနှံတွေ အရမ်းပေါပြီး စား သောက်စ ရာတွေကလည်း အရမ်းမြိန် လို့ပါ။ ဒီလို ရေးလို့ အခုရော မမြိန်ဘူးလား မေးစရာဖြစ်နေအုံးမယ်။ မြိန်ပါတယ် ဒါပေမဲ့လေ ဟိုက အစားအစာက ပိုမြိန်တယ်။ ကိုယ်တိုင် လုပ်စားရမှာ ရှုပ်တာရယ် လိုအပ်တာတွေ အဆင်သင့် မရှိတာတွေကြောင့် ပိုက်ဆံပေးပြီး ပွဲကြီး ပွဲသေး ၀ယ်စားရတာက ပိုပြီးခံတွင်းတွေ့ စေတယ်ထင်တာပဲ။ နည်းနည်းပဲ ရတော့ ပိုစားကောင်းတာပေါ့နော်။ မနက်၎နာရီမှ ခေါင်းကိုက်ပျောက်ဆေး တလုံးသောက်ပြီး အိပ်လိုက်တာ အိပ်မက်တောင်မက်တယ်။ အိပ်မပျော်လို့ပဲနော် :) ဘာမက်တယ်ထင်နေလဲ ငတ်ပုံများပြောပြမယ်။ ရှမ်း ခေါက်ဆွဲ စားနေတယ်လေ။ ဒါနဲ့ပဲ ဒီခေါက်ဆွဲလေး လုပ်စားဖြစ်ပါကြောင်း ........................................

ခေါက်ဆွဲဖတ် (ကွေ့သယိုဖတ်) ကိုရေစိမ်ထား

ငရုတ်သီးခြောက်ကို ဆီနဲ့ကြော်ပြီးထောင်း အဲ့ဒီဆီထဲ ပြန်စိမ်ထား

ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းပြီး ဆီတိုဖူးနဲ့ ရောဖျော်ထား

တရုတ်မဆလာကို ဆီပူပူလှောင်းပြီး ဆီမွှေးလုပ်ထား

မြေပဲလှော်ပြီး အမှုန့်ဖြစ်အောင်ထောင်းထား

ကြက်သွန်မိတ်နဲ့ နံနံပင် ရိပ်ရိပ်လှီးထား

ဝက်ရိုး (သို့) အမဲရိုး အချိုရည်ထွက်အောင်ပြုတ်ထား

ပဲငံပြာရည်

အချဉ်အတွက် မုန့်ညှင်းချဉ် သုံးကြပေမဲ့ အိမ်းမှာ အဆင်သင့်မရှိတာကြောင့် ကြက်သွန်ချဉ်သုံးပါတယ်။

ဆီအိုးတည် ဆီပူလာရင် ကြက်သွန်နီကို နုပ်နုပ်စဉ်းပြီးထည့်၊ ကြက်သွန်နီဝါရောင်သန်းလာရင် ခရမ်းချဉ် သီးနုပ်နုပ်စဉ်းထည့်၊ ကြက်သား (သို့) ၀က်သားကို နုပ်နုပ်စဉ်းထည့် (အသား အကြေတွေလည်းရပါ၏ )အ ရောင်တင်မှုန့်၊ပဲငံပြာရည်နဲ့ အချိုမှုန့်ထည့်၊ ရေဆူ အနည်းငယ်ထည့်ပြီး ဆီပြန်လာရင် ရပါပြီ။

မုန့်ဖတ်ကိုပြုပ်၊ ကြက်သားဟင်းထည့် နံနံပင်နဲ့ကြက်သွန်မိတ်၊ ဆီမွှေး၊ ဆီတိုဖူးဖျော်၊ မြေပဲလှော်နဲ့ ငရုတ်သီးထည့်ပြီး အားလုံးရောမွှေပြီး စားပေတော့။ ဟင်းခါးအဖြစ်ကတော့ ကြက်စွပ်ပြုပ်လေး ရှိနေတာနဲ့ တကူး တ ကမတည်ဖြစ်တော့ဘူး။ ၀က်ရိုး (သို့)အမဲရိုး ပြုပ်ရည်ကို နံနံပင်နဲ့ ငရုတ်ကောင်း ခပ်ပြီး သောက် ပေါ့။






ခေါက်ဆွဲလေးပွဲ





ကြက်သွန်ချဉ် လေးပွဲ


ဒီလို စွပ်ပြုပ်လေးကို အရည်သောက်အဖြစ် သောက်လိုက်တယ်။ ကြက်သား၊ မှို၊ တရုတ်နံနံအရိုး၊ ပဲလိပ်ခြောက်၊ ကြက်သွန်ဖြူ၊ ဂျင်း အားလုံးကိုရောပြုပ်ပြီး သောက်ခါနီးမှ ကြက်သွန်မိတ်နဲ့ ငရုတ်ကောင်း ထည့်သောက်ပေါ့၊ ကြက်သားကို မပြုပ်ခင် အရင်ရေဆူထဲ ၅မိနစ်လောက် ပြုပ်ပြီးရေဆေးချပါ။ သွေးညီနံ့နဲ့ သွေးဖတ်တွေ ကျန်နေရင်နံနေလိမ့်မယ်။








ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP