Lorem Ipsum

အစိမ်းကြော်၊ Tom Yum နဲ့ ကြက်ဥကြော်

 Thursday, December 30, 2010






အစိမ်းကြော်ပေါ့ :) ပန်းပွင့်၊ ပြောင်းဖူး( Baby Corn) ဘိုစားပဲ၊ မုံညှင်းဖူး၊ ခဲရောတ့်၊ Bok Choyရိုးတံ နဲနဲ ဆီကျန်နေလို့ ပုဇွန်နဲ့ရောပြီး အစိမ်းကြော် ကြော်လိုက်သည်။



Tom Yum ချက်စားမလို့ ရယ်ဒီလုပ်ထားတာ။ ပုံထဲမှာ နံနံပင်နဲ့ သံပုရာသီး မပါလိုက်ဘူး။ နောက်မှသိ တယ် :) ဘာပဲဖြစ်ဖြစ် စားကောင်းဖို့က အရေးကြီးပါတယ်လေနော် :D ရေဘ၀ဲ၊ ပုဇွန်၊ ငါး၊ စပါလင်၊ ပဒဲ ကော၊ ရှောက်ရွက်၊ နံနံပင်၊ ငရုတ်စိမ်း (အနီတောင့်မရှိလို့ အခြောက်ပါ သုံးတယ်) ငံပြာရည်၊ သကြား၊ သံပု ရာသီး၊ နာမ့်ဖစ်ဖောင် ( ကြက်သွန်ဖြူနဲ့ ငရုတ်သီးခြောက် ကြိတ်ပြီးဆီစိမ်ထားတာ) နို့စိမ်း တို့ထည့်ပြီး ချက်ပါတယ်။






ရေဆူအောင်တည်ပြီး ပဒဲကော၊ စပါလင် သကြားနဲ့ ငံပြာရည်ထည့်၊ ဆက်ဆူနေပါစေ။ ငါး၊ ပုဇွန်၊ ရေဘဲထည့်၊ ၃မိနစ်လောက်ကြာရင်၊ သံပုရာသီးညစ်ထည ငရုတ်စိမ်းထောင်းထည့်၊ နို့စိမ်းထည့်(အရောင်လှအောင်ပါ။ တချို့တွေက အုန်းနို့ထည့်ကြပါတယ်) နောက်ဆုံးမှာ ရှောက်ရွက်၊ နံနံပင်နဲ့ နာမ့်ဖစ် ဖောင်( စာလုံးပေါင်း မှားနိုင်ပါတယ်) ထည့်ပြီးရင် ရပါပြီ။ ပူပူလေးစားရင် ကောင်းတာမို့ စားခါနီးမှချက်ပါ တယ်။ တခွက်စာ ချက်တာပဲ ကောင်းပါတယ်။





ကျူဆိုင်းရွက် ကျန်နေတာနဲ့ ကြက်ဥနဲ့ ရောကြော်ပါတယ်။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP