Lorem Ipsum

ဘဲသား ဆီကျက်ခေါက်ဆွဲ

 Saturday, January 01, 2011

ကိုယ့်ကို ချစ်သော မချစ်သောသူ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။ နှစ်သစ်မှာ တချို့က နှစ်သစ်ကို မီးရှူး မီးပန်းတွေနဲ့ ကြိုဆိုကြတယ်။ တချို့က အသောက်စားတွေနဲ့ ကြိုဆိုကြတယ်။ တချို့က အေးချမ်းစွာ ကြို ဆိုကြတယ်။ ဒီနှစ် ကိုယ်ကတော့ အိမ်ကနေ တီဗွီကြည့်ရင် ကြိုဆိုခဲ့ပါတယ်။ ၂၀၀၆နဲ့၂၀၀၇ ၂နှစ်ဆက် တိုက်တော့ New York Time Square ကိုသွားခဲ့ပေမဲ့ ကျန်တဲ့နှစ်တွေကတော့ အမြဲအိမ်မှာပါပဲ။ လူရှုပ်ရင် မနေတတ်သလို ခေါင်းတွေ ထိုးပြီး ကိုက်လာတတ်ပါတယ်။ အအေးဒဏ်ကိုလည်း အဲ့လောက် မခံနိုင်လို့ပါ။ ဒါပေ မဲ့ နှစ်သစ်ကူးညကတော့ အဲ့လောက်မအေးခဲ့ပါဘူး။ အဆိုတော်ကောင်မလေးတွေက လက်ဝါးသာ သာ  အ၀တ်ပိုင်းလေးတွေနဲ့ ဖုံးဖိပြီး ဆိုကသွားကြပါတယ် :D ဘာပဲဖြစ်ဖြစ် ဒီနှစ် နှစ်သစ်ကူးကို ပိုပျော်ပါ တယ်။ ကိုယ်အရမ်းကြိုက်တဲ့ အဆိုတော် NE-YO သီချင်းတွေ အများကြီးဆိုတာကို တီဗွီကနေ လိုက်ဖ် ကြည့်ရတယ်။ မနေ့မနက်က တီဗွီကြည့်တော့ နှစ်သစ်ကူးဖို့ ၁၈နာရီလိုသေးတယ် ဒါပေမဲ့ Time Square ရှေ့ မှာတော့ လူပေါင်း ထောင်သောင်းချီရောက်နေပြီလို့ ပြနေခဲ့ပါတယ်။ ဒီမနက်မှာတော့ လူသန်းနဲ့ချီ နှစ် သစ်ကို Time Square ရှေ့ ကနေကြိုဆိုကြတယ်လို့ သိရပြန်တယ်။ ဘာပဲဖြစ်ဖြစ်လေ လူသားအားလုံးအ တွက် အေးချမ်းတဲ့ နှစ်သစ်လေးဖြစ်ဖို့က အရေးကြီးပါတယ်။

 ကဲနှစ်သစ်မှာ ဘဲသားဆီကျက်ခေါက်ဆွဲ စားသွားကြပေါ့နော့ :)











Wonton ခေါက်ဆွဲဖတ်ကို ပြုပ်ပါတယ်။ သူက အခြောက်ထုတ်မဟုတ်တော့ ခဏလေးနဲ့ အကျက်လွယ်ပါ တယ်။ ဇကာနဲ့စစ်ပြီး ကြက်သွန်ဖြူနဲ့ တရုတ်မဆလာ ဆီကျက်ကို ရေားမွှေပြီးဖွဖွလေး မွှေပါတယ်။ အချိုမှုန့်၊ ငံပြာရည်၊ ကြာညို့ နဲ့ ငရုတ်ကောင်းထည့်ပြီး စားလို့ရပါပြီ။

ဓါတ်ပုံများများတင်ပါလို့ မြှောက်ပေးလိုက်လို့ အများကြီးးထပ်တင်ပါတယ် :) အချဉ်မပါသလို၊ အရည် သောက်လည်း မပါပါဘူး။ ဒီတိုင်း ဘဲသားဆီကျက်ကို စားပြီး ရေတပုလင်း ဖောက်သောက်ပါတယ် :)


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP