Lorem Ipsum

နံပြားနဲ့ အမဲခြေထောက်စွပ်ပြုပ်

 Tuesday, February 08, 2011


ဝက်ခြေထောက် စွပ်ပြုပ်လို့ ရေးရတာ ကောင်းပေမဲ့ နွားခြေထောက်စွပ်ပြုပ်ကြတော့ တမျိုးကြီးပဲနော်း) နွားခြေထောက်၊ ဆိတ်ခြေထောက်၊ နွားမြှီးစွပ်ပြုပ်တွေ ကြိုက်တယ်။ ကုလားဆိုင်ရောက်လို့ နွားခြေ ထောက်နဲ့ နံပြားဝယ်လာတယ်။ အိမ်ရောက်တော့ နွားခြေထောက်ကို ဒီလိုပြုပ်တယ်။


သန့်စင်ပြီးသား နွားခြေထောက်ကို၊ ဆီနဲနဲထဲ ကြော်ပါတယ်။ အပေါ်ရေတင်းလာရင်ဆီစစ်ထားပါတယ်။ Pressure Cooker ထဲရေဆူထည့်၊ နာနတ်ပွင့်တခု၊ ဂျင်းပါးပါးလွှာထည့်၊ ကြက်သွန်ဖြူအမွှာလိုက်၁၀ခုထည့်၊ ငရုတ်ကောင်းအဖြူ ၁၅ စေ့ထည့်၊ဆားနဲ့ အချိုမှုန့်ထည့်၊ ဆူလာရင် နွားခြေထောက်ထည့်ပြီး နာရီဝက်လောက် ပြုတ်ပါတယ်။ မီးပိတ် အိုးထဲကလေကုန်မှဖွင့် ကြက်သွန်မိတ်ထည့်ပြီ ကြိုက်နှစ်သက်တဲ့ အရာနဲ့ တွဲစားပါတယ်။ ကိုယ်တို့ကတော့ တခါတလေ ပတက်စာထည့် ပြုတ်သောက်တယ်။ တွဲစားဖို့ အချဉ်ရည်က တော့ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငံပြာရည်၊ ဗီနီကာတို့ကို ရောကြိတ်ပါတယ်။ စားချင်ဇောနဲ့ အချဉ်ရည် ဓါတ်ပုံ မရိုက်မိလိုက်ဘူး။














တွဲစားဖို့ အချဉ်ရည်ပုံမရိုက်ထားလို့ ဂူဂဲလ်ကနေ ယူထားပါတယ်။





နံပြားတော့ အရမ်းကြိုက်တယ်။ တခြားတွေနဲ့ မတူဘူသူက။  အတွင်းမှာက ဟောင်းလောင်းကြီး ဆိုတော့ အစာသွပ်စားတယ်။ ဒီတခါတော့ နွေးပြီ ထောပတ်သုပ်တယ်။ စွပ်ပြုပ်နဲ့ တွဲစားတယ်။



ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP