Lorem Ipsum

အမဲခြောက်ကြော်၊ ကြက်သားဘဲဥဆားငံကြော်နဲ့ ခရမ်းသီးသုပ်

 Thursday, February 10, 2011

အမဲသားခြောက်တွေ ကျန်နေသေးတာနဲ့ ကြော်စားလိုက်တယ်။ အမဲခြောက်တွေကို ပါးပါးလှီးပြီး ရေနွေးစိမ်ပါတယ်။ ဆီအိုတည် ကြက်သွန်နီ ပါးပါးလှီးထည့်ကြော်၊ ၁မိနစ်လောက်ကြာရင် ကြက်သွန် ဖြူပါးပါးလှီးထားတာနဲ့ အမဲသားခြောက်ထည့်၊ နနွင်းအနည်းငယ်နဲ့ ငံပြာရည်ထည့်ကြော် အမဲသား ကြွပ်လာတာနဲ့ ကြက်သွန်နီနဲ့ဖြူလည်း အနေတော်ကြွပ်လာပါလိမ့်မယ်။ ဒါဆိုအမဲသားခြောက်ကြော်ရပါပြီ။





အရိုးပြုတ်ရည်ကျန်နေတာနဲ့ မုန့်ညှင်းနဲ့ ဟင်းချိုလုပ်ထားပါတယ်။





ဒါက ကြက်သားနဲ့ ဘဲဥဆားငံ ရောကြော်ထားတာပါ။ ဒီနည်းက စာအုပ်ထဲကနည်းပါ။ ကြက်သားကို အ သားချည်း အရွယ်တော်တုံးပြီး၊ သုန့်မြန်အမှုန့် (ခေါက်ဆွဲခြောက်ထဲပါတဲ့) တထုတ်နဲ့ ရောနယ်ပါ။ ကြက်ဥ တလုံးရဲ့ အကာတွေနဲ့ ကြက်ဥကို ထပ်နယ်ပါတယ်။ ပြီးမှ အာလူးအမှုန့်ဖြူးပြီး ဆီပူပူမှာ ကြွပ်ရွလာအောင် အဖုံးအုပ်ပြီးကြော်ပါတယ်( အကြော်ပဲ စားချင်သူအတွက်လည်း ကောင်းပါတယ်)ဆီနဲနဲထဲကို ပျဉ်တော်သိမ် ရွက်နှစ်ခက်ကို ခြွေထည့်၊ ကြက်သွန်နီ/ဖြူ၊ ငရုတ်ခြောက်တွေကို ပါးပါးလှီးထည့်ပြီး ဆီသတ်၊ ဘဲဥဆားငံ (ပြုတ်ပြီးသား) ၂လုံးကို အခွံခွါထည့်၊ အချိုမှုန့်နဲနဲနဲ့ ရေဆူလ္ဖက်ရည် ပန်ကန်၁လုံးစာထည့်ပြီ ကြက်သား ကြော်တွေထည့် အဖုံးအုပ်ပြီ ခဏဆိုရပါပြီ။ အမြည်းသမားတွေ အတွက် အဆင်ပြေမဲ့ ဟင်းတမျိုး ဖြစ်နိုင်တယ်း)





ခရမ်းသီးနဲ့ ငါးဆုပ်သုပ်တယ်။ ခရမ်းသီးကို ပါးပါးလှီးပြီးပြုတ်ပါတယ်။ ငါးဆုပ်ကိုလည်း ပါးပါးလှီးထား ပါတယ်။ ခရမ်းသီးရရင်၊ ကြက်သွန်ဖြူဆီချက်၊ နှမ်း၊ မြေပဲလှော်ထောင်း၊ ကြက်သွန်မိတ်၊ ငံပြာရည်၊ သံပု ရာသီး၊ အချိုမှုန့် တို့အားလုံးကို ထည့်ပြီးရောနယ်ပါတယ်။ ငရုတ်သီးကြိုက်ရင် လှီးထည့်နိုင်ပါတယ်။ ကိုယ်က အစပ်မစားလို့ပါ မထည့်ထားဘူး။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP