Lorem Ipsum

ပုဇွန်ကြော်၊ ပိန္နဲသီးသုပ်၊ ကြောင်လျှာသီးကြော်နဲ့ မယ်ဇလီရွက်ဆန်လှော်ဟင်း

 Saturday, April 16, 2011

အားလုံးပဲ မင်္ဂလာနှစ်သစ်ပါ။ ဘလောဂ့်ထဲ မရောက်တာတောင် ကြာလှပေါ့။ ချက်ထားခဲ့မျှ ပုံတွေတင် လိုက်ပါတယ်။








ပုဇွန်ကို မှိုဆီနဲ့ ငရုတ်ကောင်းထည့်ပြီး ကြော်ထားတာပါ။ လွယ်ပါတယ် ကြက်သွန်ဖြူ ဆီသတ်၊ ပုဇွန် ရေဆေးထည့်၊ မှိုဆီနဲ့ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်နဲနဲထည့်ပြီး ကြော်လိုက်တာပါ၊ နောက်ဆုံးမှ ကြက်သွန် မြိတ်လေးထည့်ပေါ့။


သက်သတ်လွတ် Hot Dogနဲ့ မုန့်ညှင်းဖူးကို ကြက်သွန်ဖြူ ဓါးပြာရိုက်ပြီး မှိုဆီထည့်၊ ငံပြာရည်ထည့် ကြော် ထားပါတယ်။






ပိန္နဲသီး အချိုသုပ်လေးပါ။ ပိန္နဲသီးပြုပ် ရတာနဲ့ဝယ်လာပါတယ်။ သူ့ကိုရေနွေးထပ်ဖျေားပြီး ပါးပါးလှီး လိုက်ပါတယ်။ ကြက်သွန်ဖြူဆီကျက်၊ နှမ်းနဲ့မြေပဲလှော်ထောင်း၊ ပုဇွန်ခြောက်မှုန့်၊ ငန်ပြာရည်နဲ့ အချိုမှုန့် ထည့်သုပ်ထားပါတယ်။ နှမ်းနှက်နဲ့ ကြက်သွန်မြိတ်ကတော့ နောက်ဆုံးပိတ်မှ ထည့်ထားပါတယ်။ 



Salmonငါးနဲ့မယ်ဇလီရွက် ဆန်လှော်ဟင်းပါ။ ရေဆူထဲကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းတတောင့် ထောင်းထည့်၊ စိမ်းစားငပိ၊ အချိုမှုန့်ထည့်ပြီး ဆူအောင်တည်ထားပါတယ်။ ဆူနေတဲ့ရေထဲကို ငါးထည့် ပါတယ်။ ငါးထဲက အချိုရည်ထွက်လာရင်၊ မယ်ဇလီရွက်ထည့်၊ ဆန်လှော်မှုန့်( ရယ်ဒီမိတ်)ထည့် အပေါ့အ ငန်မြည်းကြည့်ပေါ့။





ဒီမှာကြောင်လျှာသီး အစိမ်းမရပေမဲ့ မီးဖုတ်ပြီးသားတော့ ပါတယ်။ နှစ်တောင့် ပါပါတယ်။ အရင်ကတော့ ဒေါ်လာ၁း၅၀ ပေးရပြီး အခုတော့ ၃း၇၅ ပေးရပါတယ်။ ကြက်သွန်နီ၊ ဖြူ၊ ငရုတ်သီးခြောက်ကို ထောင်းပြီး ဆီသတ်၊ ဆနွင်းနဲ့ တင်မှုန့်နဲနဲထည့်၊ ပုဇွန်ခြောက်ထည့်(အကောင်လိုက် ထည့်လိုက်ပါတယ်) ကြောင်လျှာ သီး ပါးပါးလှီးထည့်၊ ငံန်ပြာရည်နဲ့ အချိုမှုန့်ထည့်ပြီ ဆီပြန်အောင်ကြော်ပါတယ်။




ခင်မင်စွာဖြင့်
Baby taster





Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP