Lorem Ipsum

ပိန်းဥနဲ့မျှစ်ချဉ်ဟင်းရည်၊ ပုဇွန်အစပ်ကြော်နဲ့ ပဲသီးအစိမ်းကြော်

 Saturday, April 09, 2011






ပိန်းဥ၊ တီလားပီးယားငါးထောင်း၊ မျှစ်ချဉ်ရောပြီး အရည်သောက် ချက်ထားတာပါ။ ပထမဆုံး ပိန်းဥကို အခွံ နွှာရေဆေးပြီး ငပိနဲနဲနဲ့ရောပြုပ်၊ ပိန်းဥနူးလာရင် ကြက်သွန်နီ၊ ဖြူနဲ့ ငရုတ်စိမ်းထောင်းထည့်၊ ငါးကို ကြိတ်ပြီး ငါးဆုပ်လုံးလေးလုပ်ထည့်၊ မျှစ်ချဉ်ထည့်၊ အချိုမှုန့်နဲ့ ဆားခတ်ပြီး စားခါနီးမှ ပင်စိမ်းနဲ့ ကြက်သွန်ဖြူ( ထောင်း ပြီးထည့်) ဒါဟာ ကချင်ဟင်းတမျိုး ဖြစ်တဲ့အတွက် တချို့တွေ စားတတ်မယ်မထင်ဘူး။ ဒါပေမဲ့ အရမ်းစား  လို့ကောင်း ၏တဲ့ ဟင်းတခွက်ဖြစ်တယ်ဆိုတာတော့ အာမခံပါ၏ ;)



အမဲသားနဲ့ ကြက်သားကို ရောပြီး အချိုပြုပ်ကြော် လုပ်လိုက်တာ(ပျင်းလို့ပါ)း)


ပုဇွန်တွေရဲ့နှုတ်ခမ်းမွှေးနဲ့ခေါင်း ထိုင်ဖြတ်နေရတာကိုက တနာရီလောက်ကြာသွားတယ်။ အစပ်စားချင် တယ်ဆိုလို့ ကုလားအော်သီးနဲ့ရောပြီး ငပိကျက်ချက်လိုက်တယ်။ အနှစ်နဲနဲနဲ့ပေါ့။




ပဲးတောင့်ရှည်ရယ်၊ ကြက်သားရယ်ကို ပဲပုပ်စေ့( အချိုမျိုး) နဲ့ ရေားပြီး အစိမ်းကြော်ပေါ့







ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP