Lorem Ipsum

အမဲသားခြောက်နဲ့ အာလူးဟင်း၊ ပဲပင်ပေါက်နဲ့ပဲပြားကြော်၊ Broccoli သုပ်

 Monday, May 09, 2011

ပဲပြားနဲ့ ပဲပင်ပေါက် အစိမ်းကြော်လိုက်တယ်။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုတ်စိမ်း အပွတို့ကို ပါးပါးလှီးပြီး ဆီသတ်။ ကြက်သွန်အနံ့ မွှေးလာရင် ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ ခရမ်းချဉ်သီး ရရင် ပဲပြားကြော် ပါးပါးလှီးထည့်၊ ပဲပင်ပေါက် ရေဆေးပြီးထည့်၊ ငံပြာရည် ခရုဆီနဲ့ အချိုမှုန့် တခါတည်းထည့်ပြီး ၂မိနစ်ဆို နံနံပင်ထည့်ရင် ရပါပြီ ပဲပြားနဲ့ ပဲပင်ပေါက် အစိမ်းကြော်။

 



ပဲပြားနဲ့ ပဲပင်ပေါက်ကြော်





Broccoli ၀ယ်ထားတာ ကျန်နေလို့ ရေဆူထဲ သကြားနဲ့ ဆီနဲနထြည့်ပြီး ၂မိနစ်လောက် ပြုပ်လိုက်တယ်။ နှမ်းလှော်မညှက်တညှက်ထောင်း၊ ကြက်သွန်ဖြူဆီကျက်၊ ငံပြာရည်၊ အချိုမှုန့်ထည့်ပြီး သုပ်လိုက်တယ်။ အချိုသုပ်ပေါ့။ အပေါ်ကနေ ကြက်သွန်နီကြော်ဖြူး လိုက်တာပါ။






ဒီတခေါက် အမဲခြောက် လုပ်တော့ အရွက်တွေ နဲနဲပါသွားတယ်။ ကြော်စားလို့ မကောင်းဘူး။ ဒါကြောင့် ရေစိမ်ပြီး အတုံးသေးသေးလေးတွေ တုံးပြီး အာလူးနဲ့ ချက်လိုက်တယ်။ ဟင်းရည်မရှိတော့ ထမင်းနဲ့ နယ်စားလို့ ရအောင် အရည်လေးနဲ့ချက်ထားတာပါ။ သရက်သီး သနပ်၊ ငါပိကြော်နဲ့ဆိုတော့ အရမ်းစား ကောင်းတယ်။

အာလူးကို အခွံနွာပြီး ဆားရေစိမ်ထား။ အမဲသားခြောက်ကိုတော့ ၂နာရီကြိုစိမ်ထားတာပါ။ အာလူးနဲ့ အမဲသားကို အရွယ်တော်တုံးထား။ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုပ်ခြောက်တို့ကို ထောင်းပြီးဆီသတ်။ အရောင်တင်နဲ့ ဆနွင်းနဲနဲထည့်။ ကြက်သွန် နီဝါရောင်သန်းလာရင် ခရမ်းချဉ်သီ ၂လုံးပါးပါးလှီးထည့်၊ ဆားနဲ့ အချိုမှုန့်ထည့်၊ ခရမ်းချဉ်သီးကြေရင် အမဲသားထည့်၊ ရေခမ်းရင် ရေဆူအသားမြုပ်အောင်ထည့်ပြီး တည်ထား။ အသား ကျက်လောက်မှ အာလူးထည့်။ အာလူးနူးရင် အမဲသားလည်းနူးလောက်ပြီ မဆလာခတ်ပြီး အဖုံးအုပ် မီးပိတ်။




ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP