Lorem Ipsum

ဒီနေ့ ချက်စားဖြစ်တာတွေပါ

 Saturday, May 07, 2011

ပဲပုပ်ချက်တယ်။ ပဲပုပ်အခြောက်ကို ကြော်ပြီး ထောင်းထားလိုက်တယ်။ ကြက်သွန်နီ၊ ဖြူ၊ ငရုပ်သီးခြောက် ထောင်းပြီ ဆီသတ်၊ နနွင်းနဲ့ အရောင်တင် နဲနဲထည့်၊ ခရမ်းချဉ်သီး ၃လုံးပါးပါးလှီးထည့် ခရမ်းချဉ်သီးကြေရင် ပဲပုပ်ထည့်ကြော် ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ဆီပြန်လာရင် ငရုတ်သီးစိမ်းခြမ်းထည့်။ ရပြီပေါ့ ။




                                                      ပဲပုပ်ချက်


ပြောင်းဖူးတွေ့လို့ ၀ယ်ထားတာ။ အရမ်းနုနေတော့ ကြော်လိုက်တယ်။ ပြောင်းဖူးကို ခြွေထား။ ကြက်သွန်ဖြူ ကို ဓါးပြာရိုက်ဆီသတ် ကြက်သွန်ဖြူ နီရောင်သန်းလာရင် ပြောင်းဖူးထည့်။ ရေနဲနဲထည့်ပြီ တည်ထား။ ရေခန်းရင် ခရုဆီနဲနဲထည့်။ ဘဲဥဆားငံ၂လုံးပြုပ်ပြီး ပါးပါးလှီးထည့်။ ပြောင်းဖူးရရင် ငရုပ်စိမ်း အပွတောင့်ကို ပါးပါးစိတ်ထည့် ငရုပ်ကောင်းမှုန့်ဖြူး စားလို့ရပါပြီ။ ဘဲဥဆားငံထည့်လို့ ဆားမထည့်သလို ပြောင်းဖူးက ချိုလို့ အချိုမှုန့်လည်းမထည့်ဘူး။ ဘဲဥဆားငံနဲ့ဒီတခါပဲ ကြော်စားဖူးတာ ဒါပေမဲ့ တော်တော်ကြိုက်သွား တယ်။



ကြောင်လျှာသီး မီးဖုတ်ပြီးသား ၀ယ်လာတာ အရမ်းနုတယ်။ ပါးပါးလှီးပြီး သံပုရာသီးညှစ်၊ ကြက်သွန်ဖြူ ဆီသတ် ပဲမှုန့် ငံပြာရည်နဲ့ အချိုမှုန့်နဲနဲထည့်ပြီးသုပ်တယ်။ အချဉ်သုပ်ပါ။ ပဲပုပ်က အစပ်ချက်ထားလို့ အစပ်မ ထည့်တော့တာပါ။



ငါးသလဲထိုး ကြော်ပါတယ်။ ဆားဆနွင်းနယ်ပြီး ကြွပ်နေအောင်ကြော်ထားတာ စားရင်းစားရင်း ဒီလောက်ပဲ ကျန်တော့တယ်။ ပဲကြီးလှော်များ မှတ်နေကြသလားလို့ ဆူရတဲ့ အထိပဲ( အမှန်တော့ ဓါတ်ပုံ ရိုက်ဖို့ မကျန် မှာကို စိုးရိမ်လို့ ဆူတာပါ :) )


ဆိတ်ရိုးနဲ့ အမဲရိုး ကျန်တာတွေကို ဂျင်းနဲ့ ကြက်သွန်ဖြူ။ နံနံပင်အမြစ်(ထုပြီး) ခနောန်တတုံးထည့် ပြုပ် တယ်။ အရိုးနူးမှ ကုလားပဲခြမ်း ရေစိမ်ထားတာထည့်ပြီး ပဲနူးလားမှ ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန် မိတ်ဖြူး စားပါတယ်။

တရက်တရက် ဒီလောက်တောင် ချက်စားသလားလို့ မေးကြသူများ နေ့တိုင်းတော့ မဟုတ်ပါဘူး။ ကိုယ်တို့က တပတ်မှာ ၂ရက်တည်း မနက်စာ ထမင်းတူတူစားကြတာပါ။ ဒါကြောင့် ပိတ်ရက်မှာ ဖွယ်ဖွယ်ရာရာလေး ချက်စားပါတယ်။ ကျန်တဲ့နေ့တွေဆိုရင်တော့ ဟင်းတမျိုး အရည်သောက် တမျိုး ခေါက်ဆွဲပြုပ် ဒါမျိုးတွေနဲ့ ပြီးပါတယ်။

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP