Lorem Ipsum

ငါးဆုပ်ချဉ်စပ်၊ မျှစ်အချိုသုပ်၊ ဆိတ်သားဟင်းနဲ့ ပဲဝါလေးဟင်းချို

 Saturday, June 25, 2011


ငါးဖယ်ငါးဆုပ်ကို ကြော်ပြီး မန်ကျည်းမှည့်နဲ့ အစပ်ချက်ပါတယ်။( ခရမ်းချဉ်သီးကုန်နေလို့ပါ) ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ငရုပ်ခြောက်အတောင့်တွေ အားလုံးကိုထောင်းပြီးဆီသတ်၊ အနှစ်ကျက်ရင် ဆနွင်းမှုန့်နဲ့ အရောင် တင်မှုန့် နဲနဲထည့်၊၊ မန်ကျည်းသီးမှည့်ကို ရေစိမ်ပြီး အနှစ်နဲ့ ငံပြာရည်ထည့်ချက် ဆီပြန်လာရင် ငါးဆုပ် ကြော်ထည့်၊ ရေဆူနဲနဲထည့် ဆီပြန်လာမှ ငရုပ်သီးစိမ်းနဲ့ နံနံပင်အုပ်ပါတယ်။ ချဉ်ချဉ်စပ်စပ်လေး ချက် လိုက် ပါတယ်။



ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်နဲ့ ဆားထည့်ပြီးထောင်းထားတဲ့ ငါးဖယ်ခြစ်ကို ကြက်ဥတလုံး ဖောက်ထည့် နယ်ပြီးမှ ကြော်ထားတာပါ။



မီဆို အနှစ်နဲ့ ပန်းဂေါ်ပီကြော်( မီဆိုအနှစ်ကတဗူး ၀ယ်ထားတာ မကုန်သေးပါဘူး ကုန်အောင် ချက်စားပါရ စေနော် :))



မျှစ်ဖူးတွေကို အိမ်မှာပဲ တွယ်ချိတ်နဲ့ မျှင်ပါတယ်။ ပြီးမှ ဆနွင်းနဲနဲထည့်ပြုတ် အရည်ညှစ်ထား၊ ကြက်သွန်နီ ကို ပါးပါးလှီးရေဆေးထား။ နှမ်းလှော်ပြီး ပုဇွန်ခြောက်နဲ့ ထောင်းထား။ အာလူးပြုပ်အခွံနွာပြီးခြေထား၊ ဂျင်းနဲ့ ကြက်သွန်ဖြူ ဆီကျက်ချက်ထား။ ကြက်သွန်ကြော်၊ ကြက်သွန်မိတ်နဲ့ နံနံပင်ရိတ်ရိတ်လှီးထား။ ဇလုံတလုံး ထဲမှာ အားလုံးကိုရောထည့် ငံပြာရည်နဲ့ အချိုမှုန့်နဲနဲထည့်ပြီးရောသုပ်။ ချဉ်စပ်ကြိုက်ရင် ငရုပ်သီးစိမ်း ဆီ သတ်ပြီး သုံပုရာသီးညှစ်ထည့်ပေါ့။



မျှစ်အချိုသုပ်




ပဲဝါလေး ဟင်းချို



ဆိတ်နံရိုး ရှိနေတာနဲ့ ဂျင်းနဲ့ချက်တယ်။ ဒီဟင်းက ဘယ်ကနေစားတတ်လာတာလည်း ဆိုတော့ ကိုယ်တို့ ပူတာအိုက အကြီးတယောက်က ချက်ကျွေးတတ်တယ်။ သူတို့မှာက ကြက်သွန်ရှားတယ်လေ။ ဒါကြောင့် ဂျင်းကိုပဲ အားကိုးပြီး ဟင်းချက်စားလေ့ရှိတယ်။

ဆိတ်သားကို ကို အရွယ်တော်တုံး ရေဆေးထား၊ ဆီအိုတည်၊ ဆနွင်းနဲ့အရောင်တင်ထည့်၊ ဂျင်းထောင်းပြီး အရည်ခပ်များများကို ဆီထဲထည့် ဆီသတ်၊ ဆိတ်သားထည့်၊ မဆလာနဲ့ ဆားထည့်ပြီး ရေဆူအသားမြုပ် အောင်ထည့်။ အသားနူးလာရင် ဆီလည်ရေလည်ဆို ဟင်းအိုးချလို့ရပါပြီ။ ဆိတ်သားကို ညှီတယ်လို့ ပြောကြပါတယ်။ ဆိတ်သားမှမဟုတ်ပါဘူး အမဲသားလည်းညှီပါတယ်။ အထူးသဖြင့် ကုလားဆိုင်က ၀ယ်တဲ့ အသားတွေက ညှီတတ်တာပါ။ ဘာကြောင့်လည်းဆိုတော့ အသားတွေက အရမ်းလတ်နေရင် ညှီတတ် ပါတယ်။ တချို့ ဆိတ်အထီးကတော့ ညှီတတ်ပါတယ်။ Super Market က၀ယ်တာတွေက အညှီဘူးဆိုတာ က သူတို့က ဆေးဖျန်းပြီးသားပါ ချက်ရတာလည်း အရမ်းကျက်လွယ်ပါတယ်။ ကုလားဆိုင်ကတော့ ချက် ရတာလည်း ကြာသလို စားရတာလည်း မြန်မာ့အရသာတွေ့နိုင်ပါတယ်။ ဘယ်လောက်ညှိတဲ့အသားပဲ ဖြစ်နေပါစေ ဂျင်း၊ ဖာလာနဲ့ လေးညှင်းပွင့် သုံးပေးနိုင်ရင် မညှီတတ်ပါဘူး။



                          ဆီများသွားလို့ ဆီတွေ ခပ်ပြီး သွန်ပြစ်ရတယ် :D တော်ချက်နော်




ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP