Lorem Ipsum

အမဲခြောက်ကြော်၊ ကြောင်လျှာသီးကြော်၊ အစိမ်းကြော်နဲ့ပဲလိပ်ပြာဟင်းရည်

 Wednesday, June 22, 2011

ခုတလော နေပူတော့ အမဲခြောက်တွေ လုပ်ပြီး သိမ်းထားဖြစ်တယ်။ အရင်က ဆောင်းရာသိဆိုတော့ ဟီ တာပေါ်တင်တယ်။ အခု နွေဆိုတော့ နေပူလှန်းတယ်။ ၂ရက်လောက်ဆို အရမ်းခြောက်နေပြီ။ ဒါနဲ့ပဲ အမဲ ခြောက်ကြော်ပြီး ပုလင်းထဲ ထည့်ထားတယ်။ အရင်ကလည်း ရေးဖူးပေမဲ့ လွယ်လို့ ထပ်ရေးပါ့မယ်။

အမဲခြောက်ကို ရေစိမ်ထား။ ပွလာရင် ပါးပါးလှီး၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်နယ်ထား။ ဆီအိုးတည်း ဆီပူလာ ရင် ဆနွင်းမှုန့်နဲနဲထည့်၊ အမဲသားတွေထည့် မီးမှန်မှန်လေးနဲ့ ကြော်ဖို့လိုပါတယ်။ အမဲခြောက် တ၀က် လောက်ကျက်ရင် ကြက်သွန်ဖြူ ထောင်းထည့်ပြီး ဆက်ကြော်ပါတယ်။ ကြက်သွန်လည်း နီဝါရောင်ဖြစ် အမဲ ခြောက်လည်း ကြွပ်ပြီဆို ဖိုပေါ်ကချပြီး တခြားပန်ကန်ထဲ ပြောင်းထည့်လိုက်တယ်။ အေးရင်ပုလင်းထဲ ထည့်ပြီး တပတ်လောက်စားတယ်။ ဒီတခါ ကြက်သွန်နီမထည့်ဘူး။


အမဲခြောက်ကြော်


အမဲခြောက်လုပ်နည်း တောင်းဆိုလို့ ရေးလိုက်ပါတယ်။ အရင်တခါကတော့ ဟီတာနဲ့ ခြောက်အောင် လုပ်နည်းဆိုတော့ ခုလို ပူတဲ့ အချိန်မှာတော့ ဟီတာမလိုတော့ပါဘူး။ အမဲသား(အဆီမပါတဲ့ အသား)ကို ရေ ဆေး အမြှောင်းလေးတွေလှီးပြီး ဆား၊ ဆနွင်းနဲ့ ဂျင်းထောင်းထည့်နယ်။ သီတံလေးမှာဖြစ်ဖြစ် ဗန်းလေးထဲ ပဲဖြစ်ဖြစ် နေပူထဲလှန်းထားရင် ၂ရက်ဆို ကောင်းကောင်းခြောက်ပါပြီ။




ပဲလိပ်ပြာ(ရယ်ဒီမိတ်ဗူး)ကို ကြက်သွန်ဖြူနဲ့ ငါးကြပ်တိုက်ခြောက်ထောင်းပြီ အရည်သောက်ချက်တယ်။ စား ခါနီးမှ  နံနံပင် ငရုတ်ကောင်းနဲ့ ဆီစိမ်းတဇွန်းထည့်တယ်။



အစပ်ဘာမှမရှိလို့ ကြောင်လျှာသီးကို ပုဇွန်ခြောက်နဲ့အစပ်ကြော်ပါတယ်။ အရင်ကလည်း ရေးဖူးတော့ ကြော်နည်းမရေးတော့ဘူး။



ဂေါ်ပီထုပ် အစိမ်းကြော်။ ကြက်ဥတိုဖူးကို ပါးပါးလှီးကြော်ထား။ ဂေါ်ပီထုပ် ကိုပါးပါးလှီးရေဆေးထား။ ဆီပူ လာရင် ကြက်သွန်ဖြူထောင်းထည့်၊ ကြက်သွန်ရရင် ဂေါ်ပီထုပ်ထည့်၊ ဆီတိုဖူး အရည်ဖျော်ထည့်၊ အချိုမှုန့်နဲ့ ငရုပ်ကောင်းမှုန့်ထည့်ပြီး ခဏ အဖုံးအုပ်ထား၊ ဂေါ်ပီထုပ်က အရည်ထွက်လာရင် ကြော်ထားတဲ့တိုဖူးနဲ့ နံနံ ပင်ထည့် ရပါပြီ အစိမ်းကြော်။ ဆီတိုဖူး ကြိုက်တတ်သူတွေ အတွက်တော့ အရမ်းကြိုက်မှာ သေချာပါတယ်။
ဆီတိုဖူးက အငံမို့လို့ ငံပြာရည်မထည့်ပါဘူး။



ဂျင်းသုပ် သုပ်မလို့ပါ


သုပ်ပြီးပြီ :)









ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP