Lorem Ipsum

ရှမ်းမုန့်တီ (ခေါက်ဆင့်)

 Saturday, July 02, 2011

ရှမ်းမုန့်တီ(ခေါက်ဆင့်)တဲ့ တခါမှမစားဖူးဘူး။ ပထမဆုံး စဖတ်ဖူးတာက မနိုင်နိုင်းစနေ ဘလောဂ့်မှာပေါ့။ မနိုင်နိုင်းစနေကပြောတယ် ငါးနဲ့ ကြက်သားနဲ့ စားကောင်းတယ်တဲ့။ ကိုဝင်းဇော်က ပြောတယ် ၀က်သားနဲ့ ပိုစားကောင်း တယ်တဲ့။ ကိုယ်တို့ မိသားစုက ၀က်သားမစားတော့ အဆင်သင့်ရှိတဲ့ အမဲသားနဲ့ချက်စားဖြစ် တယ်။ ချက်နည်းကို သူတို့ပြောတဲ့ အတိုင်းချက်ထားပါတယ်။ ၀က်ခေါက်ကြော် အကြွပ်နဲ့ တွဲစားကောင်း တယ်လို့ ဆိုပေမဲ့ ကိုယ်က ၀က်သားမစားတော့ မတွဲဖြစ်ဘူး။ အရင်ကတော့ အခေါက်ပဲလေ၊ ၀က်အူချောင်း လောက်ပါပဲလို့ ပြောပြောပြီး စားနေခဲ့တယ် :P ခုတော့ အသက်ကရလာပြီလေ မစားတော့ဘူး။



ခေါက်ဆင့်


ဒီနေ့ စိတ်ရှည်ရှည်ထားပြီး ပုံရိုက်တယ် :)




ကြက်သွန်မိတ်၊ နံနံပင်၊ မုန့်ညှင်းချဉ်၊ ပဲပင်ပေါက်(ရေနွေးဖျော)၊ သံပုရာသီး


ဟင်းရည်ကို သိတ်အကျဲကြီးမချက်ဘူး။ မုန့်ဖတ်က နန်းလတ်မရှိလို့ နန်းကြီးနဲ့ စားလိုက်တယ်။ ငရုတ်သီးက တော့ကိုယ့်ရဲ့ လက်ဆွဲတော် :)ဆီစိမ်လေးပေါ့




 ပဲပုပ်နံ့လေး သင်းနေတဲ့ ဟင်းရည်လေး


မုန့်ဖတ်


စားဖို့ ထည့်ထားတာပါ


စားနေပြီနော်။ မစားဖူးသူများရှိရင် စားကြည့်ပါ တကယ်အရမ်းကောင်းပါတယ်။ ၁၀၀% ကိုအာမခံပါတယ်။ ကျေးဇူးရှင်က နောက်ဆို မုန့်ဟင်းခါးထက် ဒါချက်စားဖို့ အကြံပေးပါတယ်။ သိတ်ကြိုက်သွားပြီ ဆီလည်း မများဘူး။ ခံတွင်းတွေ့စေတယ်။ ကိုယ်က ငရုတ်ကောင်းပါထည့်တယ်။




တန်ပူရာမှုန့် တခွက်၊ ဆန်မှုန့်ခွက်တ၀က်ကို ကြက်သွန်ဖြူ၊ ငရုပ်စိမ်း၊ ဆား၊ အချိုမှုန့်ရောပြီး ဖျော်လိုက် တယ်။ ကြက်သွန်ပါးပါးလှီ၊ အာလူးပါးပါးလှီး၊ ပန်းမုံလာတို့ကို ရောနယ်ပြီး တမျိုးစီ ကြော်ပါတယ်။ အချဉ်ကို တော့ မန်ကျည်းသီးမှည့်ချဉ်ရည် လုပ်ထားတာပါ။


ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP