Lorem Ipsum

ငါးသလဲထိုးခြောက်ကြော်

 Friday, October 14, 2011


ငါးသလဲထိုးခြောက်ကြော်


ပုဇွန် အစပ်ကြော်

ပုဇွန်ကို အခွံခွါ၊ ကျောခွဲပြီး ရေဆေးထားတယ်။ ဒယ်အိုးတည် ဆီပူလာရင် ကြက်သွန်နီ၊ ဖြူနဲ့ ငရုပ်အပွကိုကို ပါးပါးလှီးထည့်၊ ကြက်သွန်နီ အရောင်ပြောင်းလာရင်၊ ခရမ်းချဉ်သီး ပါးပါးလှီးထည့်ပြီး ကျေအောင်ချက်၊ ခရမ်းချဉ်သီးကျေလောက်ရင် Chili black bean sauce 3ဇွန်းထည့်မွှေပြီး ပုဇွန်ထည့်၊ ၅မိနစ်ဆို အပေါ့အငံ မြည်းပြီး နံနံပင်နဲ့ ကြက်သွန်မိတ်များများထည့် အဖုံးအုပ်ထားလိုက်လိုက်ရင် ရပါပြီ။



ဗူးသီးနဲ့ ပုဇွန်ငဆုပ်ကြော်ချက်

ဗူးသီးတစိတ်ကျန်နေတာနဲ့ ပုဇွန်ငါးဆုပ်လုံးနဲ့ ကြော်ချက်လေးချက်တယ်။ မစားတာကြာလို့နေမှာ အရမ်းစား ကောင်းတယ်။


ကြက်ဟင်းခါးသီးကြော်

အိမ်မှာ ဒီကြက်ဟင်းခါးဆို စားပေမဲ့ တခြားကြက်ဟင်းခါးမျိုးဆို မစားကြဘူး။ ဒါကြောင့် ဒါမျိုးကိုပဲ အမျိုးမျိုး ကြံဖန်ချက်ရတယ်။ ခုလည်း ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်ကို ပါးပါးလှီးးပြီး ဆီသတ်၊ ပဲပုပ်အခြောက်( ဗီယက် နာမ်ဆိုင်မှ) နဲနဲထည့်ပြီး ကြက်ဟင်းခါးသီးထည့်၊ အချိုမှုန့်နဲနဲထည့်ပြီး အဖုံးအုပ်ကြော်လိုက်တယ်။ ဆားမ ထည့်ဘူး ပဲပုပ်က တအားငံလို့း)



အချဉ်သုပ်

ရေခဲသေတ္တာက အကျန်တွေ ပေါင်းပြီး သုပ်ထားတား) ပန်းသီးချဉ် တလုံး၊ ခဲရောတ့် တစိတ်၊ ခရမ်းချဉ်သီး တလုံးနဲ ကြက်သွန်နီ( အကြီးမျိုး) ကို ခြစ်ပြီး အချဉ်သုပ်လေး သုပ်လိုက်တယ်။



                                       Chili black bean sauce ဒါကို သုံးထားပါတယ်။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP