Lorem Ipsum

ဟင်းမျိုးစုံး)

 Wednesday, October 12, 2011



လာလည်သူ အားလုံးကို မင်္ဂလာပါလို့ .................................................................................




ငါးရွှေကို ဆားသိပ်ပြီး တညထားလိုက်တာ။ နောက်နေ့ ရေဆေးပြီး ခရမ်းးချဉ်သီးလေးနဲ့ ငပိကျက်ချက် တယ်။

အိမ်ကြက်အမာနဲ့ ဗူးသီးကို ကာလသားဟင်းချက်တယ်။

ကြက်သားနဲ့ဗူးသီး ကာလသားချက်

ကြက်သားနဲ့ ဗူးသီး ကာလသမီးချက် ဒီဟင်း ၂အိုးက ၂လလောက်ကြာပါတယ်။ ခုမှ သတိရလို့ တင်လိုက် တာပါ။ ကြက်ကာလသား ဟင်းဆိုပြီး ချက်ဖူးပေမဲ့ ကာလသမီးဟင်းတဲ့ ဒါကတော့ အန်တီဆွိ နည်းနဲ့ ချက်ပါတယ်။


ဂျူးဖူးကြော်ပါ။ ရိုးရိုး လေးပဲ ကြက်သွန်ဖြူ ဓါးပြားရိုက် ခရုဆီနဲ့ ရောကြော်ထားတာ။


အမတယောက်ပေးတဲ့ ဂျူးမြစ်အခြောက်တွေ ရှိနေတာနဲ့ ညကတည်းကရေစိမ်ထားလိုက်တယ်။ နောက်နေ့ မှ သေးသေးလေးတွေဖြတ်၊ ပဲပုပ်နဲ့ ရောပြီး အစပ်ကြော်တယ်။



ပုဇွန်နဲ့ မကျည်းသီးစိမ်း ငပိကျက်ပါ။


တိုဖူးနဲ့ ကညွှတ်ကို ပဲပုပ်စေ့၊ ခရုဆီ၊ ကြက်သွန်ဖြူနဲ့ ကြော်ထားတာပါ။


မှိုအညိုနဲ့ အဖြူ (အမည်မသိ) ကို ကြက်သွန်ဖြူနဲ့ ငရုပ်သီးစိမ်းထောင်း ဆီသတ်၊ ကြက်သွန်နံမွှေးလာရင် ခရမ်းချဉ်သီး ပါးပါးလှီးထည့်၊ ခရမ်းချဉ်သီး ကြေလောက်ရင် မှိုထည့်၊ ခရုဆီနဲ့ ငံပြာရည်ထည့်။ မှိုကျက် လောက်ရင် ပင်စိမ်းပါးပါးလှီးထည့် ရပါပြီ။

 ဟိုးးးးးးးးးးးးး အရင်က လက်သည်းတွေ လုပ်ထားပေးတာ။ သူများတွေကို လုပ်ပေးပြီး ဖုန်းထဲမှာ ပုံတွေ ရိုက်ထား။ သူများတွေကို ပြ။ သူများတွေက လှတယ်ပြောရင် ပျော်တယ်( ကလေးကလား)း)
ဟိုး ငယ်ငယ်ကတည်းက မုန့်ဖိုးတွေ စုပြီး သူများတွေကို ဆံပင်ကောက်ပေးတယ်။ အလှပြင်ပေးတယ်။ ဆံပင် ဆံကျစ် အမျိုးမျိုး ကျစ်ပေးတယ်။ ၀ါသနာက ဆိုးတယ်။ ခုလည်း တွေကကရာလူ လက်သည်း ဆိုးပေးတယ်။ ဒါပေမဲ့ အပေါင်းအသင်းတွေက လက်သည်းရှည် သိပ်မထားကြဘူး။ ကိုယ်တိုင်လည်း လက်သည်းရှည် မကြိုက်ဘူး။ ခြေသည်းတော့ အရှည်ကြိုက်တယ်း) ဒါနဲ့ အပေါ်ထပ်မှာ နေတဲ့ တယောက်ကို အမြဲတမ်း တခါတလေ တရက်ခြား လက်သည်းလုပ်ပေးတယ်။ ခုတော့ သူကပြောင်းသွားတော့ ညီမလေးတယောက် မိသားစုနဲ့ လာနေတယ်။ သူ့ကို ပြောထားတယ် လက်သည်း အရှည်ထားနော်လို့ ဆိုးပေးချင်လို့လေး) သူလေးကလည်း လိမ်မာတယ် လက်သည်းရှည် မကြိုက်ပေမဲ့ ဟုတ်ကဲ့ အမတဲ့။ ပါရမီလေးနဲ့များ တခြားစီပေါ့။ ပါရမီလေးက လက်သည်း အရှည်မကြိုက်စ်တဲ့ မှတ်ကရော။ ဟိုနေ့က ကျေးဇူးရှင် လက်မ တချောင်းခဏ ငှါးပြီး ဆိုးတယ် :D



ဒီပုံက လွန်ခဲ့တဲ့ ၂နှစ်လောက်ကထင်တာပဲး) သီးခံပါ ပုံတွေ ၀ါးနေတယ်။ ဖုန်းနဲ့ ရိုက်ထားလို့း)


အလွယ့်တကာ အလွယ်ဆုံး မြင်းကျားပုံ လက်သည်းနီ


ဒီပုံကတော့ ခက်မယ်ထင်ရပေမဲ့ မခက်ပါဘူး။ နောက်ကျရင် လက်သည်းအတုလေးတွေ ၀ယ်ပြီး တမျိုးခြင်း ဆီ ဆိုးပြပါ့မယ်။ ပြောသာပြောရတာ သူသူ ငါငါ အားလုံးဆိုးတတ်ကြပါတယ် ဒီလောက်ကတော့။



ရိုးရှင်းတဲ့ လက်သည်း


ဒါမျိုးလေးလည်း ကြိုက်စ်း)


အဖြူနဲ့ အနက်


လှတယ် အပြင်မှာ ပိုလှတယ် ဒီလက်သည်းက ကိုယ့်လက်သည်း တိုကပ်ကပ်လေးမှာတောင် ဆိုးလိုက် သေးတယ်း) ကြိုက်လို့း)




ရှုပ်သလိုပေမဲ့ အပြင်မှာတော့ လှတယ် ကိုယ်ဆိုးပေးထားလို့လား မသိဘူး :D


ဒါက ခုလောလောဆယ် ကိုယ့်ခြေထောက်မှာ ဆိုးထားတား) အနီအောက်ခံထားပြီး အဖြူနဲ့ ငွေမှုံလေး တွေနဲ့ ချယ်ထားတား)




ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP