Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၉)

 Sunday, November 20, 2011





ကြောင်လျှာသီးသုပ်

ကြောင်လျှာသီး မီးဖုတ်ကို ပါးပါးလှီးထားတာရယ်၊ နှမ်းလှော်ထောင်း၊ ကြက်သွန်ဖြူဆီကျက်၊ ငရုပ်သီးလှော်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ သံပုရာသီး၊ ငံပြာရည်နဲ့ အချိုမှုန့်တို့ထည့်ပြီး ချဉ်ငံစပ် သုပ်ထားပါတယ်။



                                               ငါးဖယ်ငါးဆုပ်ဆီပြန်ဟင်း

ငါးဖယ်ခြစ်ကို စပါးလင်၊ ဆား၊ ဂျင်းနဲ့ ကြက်သွန်ဖြူ တမွှာထည့်ထောင်းပြီး ကြော်ပါတယ်။ ပြီးမှ ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊တို့ကို ဆီသတ်၊ ခရမ်းချဉ်သီး နှစ်လုံးကို ပါးပါးလှီးထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်ပြီး ခရမ်းချဉ်သီးကြေပြီး ဆီပြန်လာရင် ကြော်ထားတဲ့ ငါးဆုပ်ကိုထည့် ရေဆူနဲနဲထည့်ပြီး ရေခမ်းဆီပြန်လာမှ နံနံပင်လေး အုပ်ထားပါတယ်။
ပဲပြားနဲ့ မုန့်ညှင်းဖြူထုပ် အစိမ်းကြော်


                                                    ခ၀ဲသီးနဲ့ပုဇွန်ကြော်ချက်

ပထမတော့ ခ၀ဲသီးကို ပုဇွန်နဲ့ ကြာဇံရောပြီး အရည်သောက်ချက်မလို့ပဲ။ ဒါပေမဲ့ စိတ်ကူးလွဲသွားပြီး ကြော်ချက်လေး ချက်ဖြစ်သွားတယ်း)

ခ၀ဲသီးကို အခွံခွါပြီး တစောင်းလှီးထားပါတယ်။ ပုဇွန်ကိုလည်း ခေါင်းထိပ်လေးတွေဖြတ် ရေဆေးထားပါ တယ်။ ကြက်သွန်နီဆီသတ်၊ ခရမ်းချဉ်သီးတလုံး ပါးပါးလှီးထည့်၊ ပဲပုပ်အနှစ်၊ ခရုဆီထည့်ပြီး ပုဇွန်တွေထည့်လုံးပါတယ်။ ပုဇွန်ထည့်ပြီး ၃မိနစ်လောက်ဆိုရင် ခ၀ဲသီးကို အပေါ်ကနေထည့်ပြီး အဖုံးအုပ်ထားပါတယ်။ ခ၀ဲသီး မကျက်တကျက်ဖြစ်ရင် ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းထောင်းထည့်၊ ငရုပ်သီးစိမ်းနဲ့ ပင်စိမ်းအုပ်ပြီး စားလို့ရပါပြီ။ အိမ်မှာ ပင်စိမ်းမရှိလို့ နံနံပင်ကို အစားထိုးပါတယ်။

ခ၀ဲသီးကချိုလို့ရယ်၊ ပဲပုပ်စေ့ကို အငံပါလို့ ဆားနဲ့ အချိုမှုန့်မသုံးပါဘူး။



ပဲနီလေးကို စပါးလင်ဆီသတ်ပြီး ချက်ထားတဲ့ ဟင်းချို


ငါးဖယ်ခြစ်က ဒီတံဆိတ်နဲ့ လာပါတယ်။ ဗီယက်နာမ် ဆိုင်တွေမှာတော့ ငါးကိုခြစ်ပြီး ရောင်းကြပါတယ်။ ဒါပေမဲ့ ဒီဗူးက ငါးဖယ်အရသာရှိပြီး စားကောင်းလို့ ဒီဗူးပဲ သုံးဖြစ်တယ်။




ခင်မင်စွာဖြင့်
Baby taster






Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP