Lorem Ipsum

လက်သဲ ပုံဖော်ရအောင်(၉)

 Saturday, November 19, 2011


Base Coat ဆိုးပြီး ခြောက်သွားရင် အဖြူရောင်ကို ဒီလိုလေး ဆိုးလိုက်ပါ။


ဆိုးထားတဲ့ အဖြူရောင်ခြောက်သွားပြီဆိုရင် ငွေမှင်ရောင်(သို့) ခဲေ၇ာင်ဆိုးလိုက်ပါတယ်။


ငွေမှင်ရောင်ခြောက်သွားရင် အဲ့ဒီပေါ်မှာပဲ ငွေမှုံလေးတွေထပ်ဖြည့်ပါတယ်။


အနက်ရောင်နဲ့ အစက်လေးတွေ ချပေးပါ။ အစက်လေးတွေ အရမ်းကြီးသွားရင်တော့ မလှဘူးနော်။ သေးနိုင်သလောက်သေးပါ။(သွားကြားထိုးတံ ထိပ်လေးက အနေတော်ပါပဲ)



ပြီးရင် Top Coat ဆိုးလိုက်ပါ။ အနက်ရောင် အခံမှာ ရွှေမှုံလေးတွေနဲ့ဆိုလည်း လှပါတယ်။ အရင်က ဆိုးဖူးတယ်။


အနီရဲရဲလေးကို အောက်ခံအဖြစ် ဆိုးထားပါတယ်။ ကိုယ်ကတော့ ခြေထောက်မှာဆိုးဖူးပါတယ်။ ကိုယ်ခြေသဲမှာ ဆိုးတဲ့အခါ အမြဲတမ်း အရောင်တောက်တောက်တွေပဲ ရွေးချယ်ဖြစ်တယ်။ ခြေထောက်ဆိုတာ တော်ရုံလူတွေ သတိမထားကြဘူးလေ ဒါကြောင့်ပါ (ကိုယ့်အထင်နော်း))



အောက်ခံ အနီရောင်ခြောက်သွားခဲ့ရင် ဒီလို အကြောင်းလေးတွေကို အဖြူနဲ့ ငွေမှုံရောင်လေးတွေ စပ်ပြီးဆိုးပါတယ်။ ကိုယ်ဆိုးတုန်းကတော့ ပန်းလေးတပွင့်ဖော်ပြီး အဲ့ဒီဘေးကနေ ကောက်ကြောင်းလေးတွေ ဖော်ဆိုးခဲ့တာပါ။ ပြီးရင်တော့ ထုံးစံအတိုင်း တောပ့်ကုပ်ဆိုးလိုက်ပါ။

တခု အကြံပေးချင်ပါတယ် ခြေထောက်မှာ ဆိုးမယ်ဆိုရင် ခြေမ တချောင်းထဲကို ဆိုးစေချင်ပါတယ်။ အရမ်းရှူပ်သွားရင် မလှတော့ဘူးလေနော်း) လက်ချောင်းဆိုရင်လည်း လက်သူကြွယ်နဲ့ လက်မကိုပဲ ဆိုးစေချင်ပါတယ်။ ကျန်တဲ့ လက်ချောင်းတွေကိုတော့ အနီရောင်ပြောင်လေးပဲ ဆိုးစေချင်တယ်။









ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP