Lorem Ipsum

စနေနေ့က ထမင်းဝိုင်း(၈)

 Sunday, November 13, 2011





ပုဇွန်ချိုစပ်ကြော်

ပုဇွန်ကို ချိုစပ်လေး ကြော်ထားပါတယ်။ ပြီးခဲ့တဲ့ လကလည်းကြော်သေးတယ်။  ပထမဆုံး ပုဇွန်ကို ခေါင်းဖြတ်ပြီး ရေဆေးထားပါတယ်။




ခွက်တလုံးမှာ Black beans sauce ၂ဇွန်း(ထမင်းစားဇွန်း) ပဲပုပ် အချို၊ ၂ဇွန်း၊ နှမ်းဆီ တဇွန်း၊ ငရုပ်ကောင်းစေ့ ၁၀စေ့(ထုထည့်)၊ ငရုပ်သီးမှုန့် အနည်းငယ်၊ ခရုဆီ ၂ဇွန်း၊ ပဲငံပြာရည်အကြည်၂ဇွန်း၊ အချိုမှုန့် အနည်းငယ်တို့ကို ရောပြီး သမအောင်မွှေထားပါတယ်။


ကြက်သွန်နီ၊ ဖြူ၊ ဂျင်းနဲ့ ငရုပ်သီးစိမ်းတို့ကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါတယ်။ ကြက်သွန် အ၀ါရောင်လေး ဖြစ်လာရင်၊ မွှေထားတဲ့ အဆာပလာထည့်၊ ရေဆူနဲနဲထည့်ပြီး ပုဇွန်တွေထည့်လိုက်ပါတယ်။ အဖုံးအုပ်ထား ပြီး ၁၀မိနစ်ဆို ကျက်ပါပြီ ကြက်သွန်မိတ် မရှိလို့ နံနံပင် ရိတ်ရိတ်လှီးပြီးဖြူးလိုက်တယ်။


ပုဇွန်ချိုစပ်


ပုဇွန်ကြော်တော့ အနှစ်များသွားလို့ တ၀က်ဖယ်ပြီး တိုဖူ ၂တုံးခြေထည့်၊ ကင်မ်ချီ အနှစ်နဲနဲထည့်ပြီး အရည် လေးနဲ့ ချက်လိုက်တယ်။


တိုဖူးချဉ်စပ်

ပဲတောင့်ရှည်ကို ကြက်သွန်ဖြူနဲ့ ခရမ်းချဉ်သီး ဆီသတ်ပြီး အစိမ်းကြော်ကြော်ပါတယ်။



အိမ်မှာ သရက်သီးတပိုင်းနဲ့ သခွါးသီးတပိုင်းကျန်နေလို့ ကြက်သွန်နီ တလုံးနဲ့ ရောပြီး သုပ်လိုက်တယ်။

ငရုပ်စိမ်းပါးပါးလှီး၊ ပုဇွန်ခြောက် ဘာလချောင်တဇွန်းနဲ့ ငံပြာရည်နဲနဲထည့်ပြီး သုပ်ထားတား)


ဒါက အပျင်းပြေ၀ါးဖို့ပါ။ ငါးသလဲထိုးတွေ ရေဆေးပြီး ခြောက်နေအောင် ရေစစ်ပါတယ်။ ပြီးမှ ဆား၊ အချိုမှုန့်၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်သီးမှုန့်နဲ့ ဂျူံမှုန့်တို့နဲ့ ရောနယ်ပြီး ကြော်ထားလိုက်တယ်။


ငါးသလဲထိုးကြော် ကြွပ်ကြွပ်လေး ဒီနေ့ကုန်ပြီ မနေ့ကတည်းက စားပလိုက်ကြပြီး)



ခင်မင်စွာဖြင့်
Baby taster




Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP