Lorem Ipsum

လက်သဲ ပုံဖော်ရအောင် (၆)

 Sunday, November 13, 2011

ညီမလေး MMက တောင်းဆိုးထားတယ် မမ အ၀ါရောင်လေး ဆိုးချင်တယ်တဲ့။ ကိုယ်က အရမ်းကြီး တတ်တာမဟုတ်တော့ မြင်ဖူးတာတွေနဲ့ နီးစပ်တဲ့ ပုံစံလေးတွေ ဆိုးဖြစ်တယ်။ ကိုယ့်အတွက် သင်ဆရာ၊ မြင်ဆရာတွေကတော့ ဘလောဂ့်ဂါတွေပါပဲ။ သူတို့ ဆိုးထားသမျှကို လေ့လာဖြစ်တယ်။ ကြိုက်ရင် ကော်ပီ လုပ်ပါတယ်း) မြန်မာပီသတာပါးP

 

Base Coat ဆိုးပြီး ခြောက်သွားရင် အ၀ါရောင်လေးကို ဒီလိုဆိုးလိုက်တယ်။ (ဒီဟာကို ဘယ်လိုခေါ်တယ် ဘာညာတော့ မရေးတော့ဘူးနော် အားလုံးသိနေပြီးသားထင်လို့ပါ)


အနက်ရောင်ကို အ၀ါရောင်ပေါ်မှာ မျှဉ်ကြားလေးခြစ်လိုက်ပါ။ (ကိုယ်က တခါတလေ ဒီအဆင့်ကနေပဲ Top Coat ဆိုးပါတယ်။)


မျှဉ်းကြားဆိုးထားတာလေး ခြောက်သွားရင် (အရမ်းခြောက်ဖို့မလိုပါ) အဖြူရောင် ပန်းပွင့်လေးတွေ ဖော်ပါ့မယ်။ လိုချင်တဲ့ အရွယ်အစား၊ ကိုယ့်လက်သဲအတို၊ အရှည်ပေါ်မူတည်ပြီး ပန်းဖော်ပါ။ ပွင့်ဖတ် တရွက်ချင်းဆီမှာ အနက်ရောင် စုတ်တံနဲ့ ၀တ်ဆံလေးဖြစ်အောင်  ခြစ်ပေးပါ။(သေသပ်ဖို့မလိုပါဘူး)




အ၀ါရောင်ဝတ်ဆံလေး အစက်ချပြီးရင်တော့ Top Coat  တင်လိုက်ရင် ရပါပြီ။ (ကိုယ်ကတော့ မတင်ထား ပါဘူး ဓါတ်ပုံ အလင်းပြန်လို့ပါ)





အဖြူ အစက်လေးတွေ ချထားပေမဲ့ ဒီအဆင့်ကို မထည့်စေချင်ဘူး( ရှူပ်လွန်းရင် မလှလို့ပါ)




အ၀ါဖျော့လေးကို နှစ်ထပ်ဆိုးထားပါတယ်။


အစိမ်းရောင် Glitter ကို ဒီလို ဆိုးပါတယ်။


လက်သဲထိပ်ဖက်ကို အစိမ်းရောင်နဲ့ ပန်းပွင့်ဖော်ပါတယ်။ ရွှေမှုံကို ၀တ်ဆံအဖြစ် သုံးထားပါတယ်




                         ခြောက်သွားရင် Top Coat ဆိုးလိုက်ပါ။ ညီမလေး အဆင်ပြေပါစေ။




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP