Lorem Ipsum

နံနက်စာများ(၈)

 Friday, December 02, 2011


ဖက်ထုပ် ပြုပ်စားတယ်။ အစာအိမ် ရောင်နေသလို ခံစားနေရတော့ မကြော်ဖြစ်တော့ဘူး။ ကိုယ်ကသာ ကြိုက်ပြီး ကျန်တဲ့လူတွေက မစားကြဘူးး(




                                   ၅ခုပဲ ပြုပ်တယ်း) ကိုယ်တယောက်ထဲ စားမှာ မို့လို့ပါး)


ငါးဖက်ထုပ်ပါ။ အရိုးထုတ်ထားတဲ့ တီလာပီးယား ငါးကို ကြိတ်စက်နဲ့ကြိတ်ပြီး၊ ကျူဆိုင်၊ ကြက်သွန်ဖြူ၊ ခရုဆီ၊ ဆားနဲ့ အာတလွတ်မှုန့် တဇွန်းထည့်ပြီး နယ်ထားပါတယ်။



ရေမုန့် လုပ်ကျွေးလိုက်တယ်။ ပဲုပြုပ်က ပထမတရက် စားလိုက်တော့ နောက်နေ့မရှိတော့ဘူး။ ဒါကြောင့် ရှိတာတွေနဲ့ပဲ လုပ်ကျွေးလိုက်တယ်။ ပင်ပန်းခံပြီး လုပ်ပြီးကာမှ မေ့ပြီး ငရုပ်သီးထည့်မိလို့ ကိုယ်မစား လိုက်ရဘူးး( မြင်သာမြင်မကြင်လိုက်ရတဲ့ ဘ၀ :-/


ကြက်ဥကို ဖောက်ပြီး သီးသန့်မထည့်ဖြစ်ဘူး။ အိမ်မှာ ကြက်ဥက ၂လုံးပဲကျန်တာနဲ့ ဆန်မှုန့်မှာပဲ ရောလိုက်တယ်။


ဒါတွေထည့်ပါတယ်။ ဗီယာက်နာမ် အသားတု(နောက်များ ပုံတင်ပါ့မယ်) ပဲစိမ်းလုံး၊ ဂဏန်းသား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ ကြက်သွန်မိတ်နဲ့ ငရုပ်သီးစိမ်းတို့ ပါပါတယ်။



ပဲပြုပ်နဲ့ ထမင်းကြော်ပြီး ဆိတ်သားမွကြော်ပေါ့း)





ဆိတ်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ကရဝေး၊ သစ်ဂျပွေးခေါက်၊ ဂျင်းရည်တို့နဲ့ ရေခမ်းပြီး နူးအောင် ပြုပ်ပါတယ်။ အအေးခံ မွနေအောင်ထောင်း၊ ကြက်သွန်ဖြူကိုထုပြီး ဆီသတ်၊ ဆနွင်းနဲနဲထည့်ပြီး ထောင်း ထားတဲ့ ဆိတ်သားတွေထည့်၊ ကြွပ်ရွလာအောင် မီးမြေးမြေးလေးနဲ့ ကြော်ထားပါတယ်။




ခင်မင်စွာဖြင့်
Baby taster



Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP