Lorem Ipsum

Showing posts with label ဘလောဂ့်တနှစ်ပြည့် အမှတ်တရ. Show all posts
Showing posts with label ဘလောဂ့်တနှစ်ပြည့် အမှတ်တရ. Show all posts

ငါးကင်

 Tuesday, September 27, 2011





 ငါးကင်ဖို့ အဆင်သင့်လုပ်ထားတာပါ

ပလာတူးငါး အကောင်ကြီးကြီးကို ကျောဖက်ကနေခွဲပြီး အူတွေထုတ်၊ ပါးဟက်တွေထုတ်ပြီး ရေသေချာဆေး ပါတယ်။ ပြီးမှ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း၊ ငရုပ်ကောင်းမှုန့်၊ နံနံပင်၊ ဆနွင်း၊ ဆားနဲ့ အချိုမှုန့်တွေကို ညှက်နေအောင်ထောင်းပြီး အစာသိတ်ပြီး ကင်ထားပါတယ်။  ပူပူနွေးနွေးစားမှကောင်း မယ်နော်။ ကိုယ်ကတော့ စားခါနီး သံပုရာသီး ညစ်လိုက်ပါတယ်။




စားရန်အသင့် ငါးကင်


ဒီပုံက မှိုထည့်ဖို့ မေ့သွားလို့

ရေနွေးဆူဆူထဲကို၊ တိုဖူးနဲ့ ငါးဆုပ်တုံးပြီးထည့်ပါတယ်။ ပြီးရင်၊ ခ၀ဲသီးနဲ့ ခါဂျယ်ဥပါးပါးမျှင်ပြီးထည့်၊ မှိုရှည်ရှည်ထည့်၊ စားခါနီးမှ ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းထောင်းထည့်၊ ဆား၊ နှမ်းဆီ တဇွန်း( လ္ဖက်ရည်ဇွန်း) အချိုမှုန့်နဲ့ ကြက်သွန်မိတ်ထည့်ပြီး ပူပူလေးသောက်တယ်။ ကြက်ဥလေးတလုံးပါထည့်ပြီး မွှေသေးတယ်း)


မှိုထည့်လိုက်ပြီနော်း)


အိုးလိုက် ရိုက်လိုက်တာ


ခရမ်းချဉ်သီး ပန်ထွေဖျော်

ကိုယ်ကတော့ ခရမ်းချဉ်သီးထောင်းလို့ပဲ သိထားတာပါ။ ပန်ထွေဖျော်လို့ သူများခေါ်လို့ လိုက်ခေါ်တား) ခရမ်းချဉ်သီးမှည့်၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ပဲပုပ်ချပ်တွေကို မီးကင်ပါတယ်။ ခရမ်းချဉ်သီး အခွံတွေ မီး ကျွမ်းပြီး နူးသွားရင် အခွံတွေ ခွါပြစ်ပါတယ်။ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူနဲ့ ပဲပုပ်မီးကင်တွေကို ရောထောင်း ပြီး ခရမ်းချဉ်သီးထည့်ထောင်း၊ နံနံပင်ရိတ်ရိတ်လှီးထည့်၊ အချိုမှုန့်နဲ့ ဆားနဲနဲထည့်ပြီး စားလို့ရပါပြီ။


ရုံးပတေသီးကို ကြက်သွန်ဖြူများများနဲ့ ခရုဆီထည့်ပြီး ကြော်ထားပါတယ်။


ကြက်တောင်ပံကို ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းပြီးနှပ်ကြော်ထားတာပါ။

သြော်ဒါနဲ့ စကားမစပ် မနေ့က ဘေဘီ တနှစ်ပြည့်သွားပြီနော်း) ကိုယ့်ဘလောဂ့်ကို ပထမဆုံး လင်ခ့်ပေး သူက စူးနွယ် ပါ။( အခုတော့ သူစိမ်းကားသွားပြီး( ) လာလည်ပြီး ကောမန့်နဲ့ စီပုံးမှာ ရေးခဲ့သူရော မရေးခဲ့ သူရော ခင်သူရော မခင်သူရော၊ လင်ခ့်ထား ပေးကြသူများ  အားလုံးကို အထူး အထူးကျေးဇူးပါလို့။ လူတိုင်း ချက်တတ်ပြုတ်တတ်တဲ့ ဟင်းတွေပေမဲ့  အချိန်ပေးပြီး လာရောက် အားပေးကြတဲ့ အနယ်နယ် အရပ်ရပ်က မောင်နှမအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ တနှစ်အတွင်း ဟစ်၂သိန်း နီးပါးလာရောက် အားပေးခဲ့တာ သိရတော့ သြော်ကိုယ်တယောက်ထဲ အစားအသောက် မက်သူမဟုတ်ပါလားလို့ သိရလို့ ၀မ်းသားတယ် :P (အဖော်ရှာတာ) ကိုယ့်ဟင်းတွေက သာမန် နေ့စဉ်စားနေကျ ဟင်းတွေပါ။ အဲ့ဒီကနေ ခွဲထွက်ပြီးလည်း မချက်ရဲပါဘူး။ တော်ကြာ အသစ်အဆန်းမို့ အိမ်ကလူတွေ မစားရင် ပိုက်ဆံနှမြောစရာကြီးလေ။ ကိုယ်ချက် စားတာလေးတွေကို ပုံလေးနဲ့တကွ သိမ်းထားချင်လို့ အပြင်မှာ စားတာတွေကိုလည်း မရောဖြစ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ဘေဘီ့ဟင်းတွေကို လာရောက် ကြည့်ပေးကြလို့ ၀မ်းသာပြီး ကျေးဇူးတင်မိပါတယ်။




ခင်မင်စွာဖြင့်
ဘေဘီ




Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP