Lorem Ipsum

Showing posts with label အလှအပရေးရာ. Show all posts
Showing posts with label အလှအပရေးရာ. Show all posts

လက်သဲ ပုံဖော်ရအောင်(၁၅)

 Thursday, December 29, 2011


အားလုံးသော မောင်နှမများ မင်္ဂလာအပေါင်းနဲ့ပြီးပြည့်စုံသော နှစ်သစ်လေး ဖြစ်ကြပါစေ။


Base Coat၊ Top Coat၊ အနက်ရောင်၊ အနီရောင်၊ အဖြူရောင်၊ အပြာရောင်၊ makeup sponge၊ သွားကြား ထိုးတံတို့လိုပါတယ်။


Base Coat ဆိုးပြီးခြောက်သွားရင် အဖြူရောင်နဲ့ French Manicureဆိုးလိုက်ပါ။




French Manicure ခြောက်သွားရင်၊ အဖြူနဲ့ အပြာကို တစက်ဆီရောပြီး makeup spongeနဲ့ လက်သဲထိပ် ဖက်ကို ခပ် ဖွဖွလေး ရိုက်ပေးပါ။




ပြီးရင်တော့ အဖြူရောင်နဲ့ ပုံထဲကလို အစက်လေးတွေ ချပေးပါ။ Snowman အတွက် လက်သူကြွယ်နဲ့ လက်မတို့မှာ အစက်ချပေးပါ။



အနက်ရောင်နဲ့ ဦးထုပ်၊ မျက်လုံးနဲ့ ကြယ်သီးလေးတွေဖြစ်အောင် အစက်ချလိုက်ပါ။ နှာခေါင်းလေးဖြစ် အောင် အစက်ချလိုက်တာ အရှိန်လွန်သွားတယ်း) ဒါကြောင့် ပါးစပ်ပြဲပြဲကြီး လုပ်လိုက် တာပါး) ဆိုးတဲ့ အခါသတိထားပေါ့ ကိုယ့်လို အရှိန်မလွန်အောင်း)


ပြီးရင်တော့ snow flakes တွေကိုဆွဲပါ။ ခုဒီပုံမှာ ကိုယ်ဆိုးထားတာတော့ ကိုယ့်တူမလေးက snow flakes မဆိုးတတ်ဘူး ဆိုလို့ပါ အလွယ်ဆုံးပြပေးထားတာပါ။
 ဒီနည်းကို Youtube ကယူထားတာပါ။

ခင်မင်စွာဖြင့်
ဘေဘီ

Read more...

လက်သဲ ပုံဖော်ရအောင်(၁၄)

 Thursday, December 22, 2011

ခုတလော .... ကိုယ့်လက်ပ်တောပ့်က ဖောက်နေတယ်.... စိတ်ကလည်း ဖောက်တောက်တောက်ပဲ ..... နဂိုကမှ စာမရေးတတ်ရတဲ့အထဲ ပျင်းတာရော အိမ်ကို စိတ်ပူတာရော၊ နေမကောင်းတာရော အားလုံး ပေါင်းတော့ ပိုဆိုးပေါ့။ ဒီမှာ အရမ်းအေးလာတော့ Boots နဲ့ Sneakersတွေပဲ စီးနေရတော့ ခြေသဲတွေ လည်း အကုန်အတိုညှပ်လိုက်ပြီ။ မဆိုးတော့ဘူး တဆောင်းလုံး ခြေသဲကို အဖြူသန့်သန့်လေးပဲ ထားမယ် လေ ..... ဒါကြောင့် လက်သဲပုံဖော်တဲ့ ဖက်ကို မရောက်ဖြစ်ဘူးး) ရှိတာလေးပဲ တင်ပေးပါတယ်......



ပန်းဆီရောင်လေးဆိုးတယ်

အဖြူနဲ့ ပန်းလေးဖော်တယ်။ အဖြူနှစ်ပွင့်ကြားထဲကို ပန်းရင့်ရောင်ဆိုးမလို့ပါ။ ဒါပေမဲ့ ဒီတိုင်းထားလိုက်တယ်း) ဆိုးချင်သူများ ဖြည့်စွက် ဆိုးကြပါကုန်း)


ပန်းရောင်ကို တ၀က်ဆိုးလိုက်တယ်


အပြာနဲ့ ငွေမှုံလေးတွေကို ပန်းရောင်တ၀က်မှာ ဆိုးလိုက်ပါတယ်။ ပြီးမှ အနက်ရောင်နဲ့ ချယ်လိုက်တာပါ


အဖြူရောင်နဲ့ အစက်လေးတွေ ချလိုက်ပါတယ်။


း)




ခင်မင်စွာဖြင့်
ဘေဘီ



Read more...

လက်သဲ ပုံဖော်ရအောင်(၁၃)

 Tuesday, November 29, 2011


ဘေစ့်ကုတ်ဆိုးပြီး အ၀ါရောင်ကို လက်သဲတ၀က်ကနေ တစောင်းဆိုးပါ့မယ်။ ခြောက်သွားရင်


ရွှေမှုံကို ကွက်ကြားလေး ဖွဖွလေး ရိုက်ပါတယ်။ ပြီးရင်တော့


အနက်ရောင်နဲ့ ဒီလိုလေး မျဉ်းကြားတွေဆွဲပြီး တောပ့်ကုတ် ဆိုးလိုက်ရင်ရပါပြီ


း) ပျင်းလို့ ဆက်မတင်ချင်တော့ဘူး)



ခင်မင်စွာဖြင့်
Baby taster

Read more...

လက်သဲ ပုံဖော်ရအောင်(၁၂)

 Saturday, November 26, 2011

ခုတလော ပို့စ်တွေ ဆက်တိုက်တင်ဖြစ်နေတယ်။ နေမကောင်းတာများတော့ ဘာမှမလုပ်ပဲ အချိန်တွေ ပိုနေတယ် ဒါကြောင့်ပါ။ ကိုယ့်ဘလောဂ့်မှာ တင်ထားသမျှ လက်သဲပုံဖော်နည်းတွေဟာ တချို့ တ၀က်က ကိုယ့်အိုင်ဒီယာပေမဲ့ တချို့ ကိုတော့ Youtube ကနေကြည့်ပြီး ဆိုးထားသလို၊ တချို့ကိုတော့ ဘလောဂ့်ဂါတွေဆီကပါ။ ကိုယ်အရင်ကလည်း ပြောဖူးပါတယ်။ ဘလောဂ့်ဂါတွေက ကိုယ့်ရဲ့ မြင်ဆရာတွေပါလို့း)



ဘေစ့်ကုတ်ဆိုးပြီး ခြောက်သွားရင်၊ အပြာရောင်ကို makeup spongeနဲ့ လက်သဲရဲ့ ၃ပုံ၂ပုံကနေဖွဖွလေး ဖိပေးပါ။ အဲ့လို ဆိုးတဲ့အခါမှာ လက်သဲထိပ်လေးကို လက်သဲအတို၊ အရှည်ပေါ်မူတည်ပြီး နဲနဲချန်ပေးပါ။



ဒီလိုလေးပေါ့း)



အဖြူရောင်နဲ့ နှင်းပွင့်လေး(သို့) ကြယ်လေးတွေ ဖော်ပေးပါ( လက်သဲရှည်ရင် များများဖော်လို့ရပါတယ်။ တိုရင်တော့ နဲနဲပေါ့) ပြီးရင် အဖြူရောင် အစက်လေးတွေ ချပေးပါ။ တောပ့်ကုတ်လေး ဆိုးလိုက်ရင် အရမ်းလှသွားလိမ့်မယ်။ (ကိုယ်တော့ ဒီပုံတွေမှာ မဆိုးထားပါဘူး။ ချွေတာတာပါး)



တကယ်လှတယ် ဆိုးကြည့်ကြပါ။ အရင်က ခြေသည်းမှာ ဆိုးဖူးပါတယ်။











ခင်မင်စွာဖြင့်
Baby taster

Read more...

လက်သဲ ပုံဖော်ရအောင်(၁၁)

 Friday, November 25, 2011

ညက Thanksgiving ပါတီရှိတယ်။ ပြန်ရောက်တော့ မိုးတော်တော်ချုပ်နေပြီ။ ခုမနက်နိုးတော့ Black Friday လျော့ဈေးဝယ်ထွက်ဖို့ နောက်ကျသွားတယ်။ ကျေးဇူးရှင်ကို နိုးပြန်တော့ ဟောက်လို့တောင် နေသေး /-: ဒါကြောင့် ဆိုးထားတဲ့လက်သဲလေးတွေ တင်ပေးလိုက်တယ်။ တခါတလေ သူကတယောက်ထဲ သွားပါလားလို့ ပြောတတ်ပါသေးတယ် ဟင့်အင်းကိုယ်က တယောက်ထဲ သွား၊ လာ၊ စားရမှာ ပျင်းလို့ ရှင့်ကို ယူထားတာပါဆိုနေမှလို့ ပြန်ပြောတယ်... ကိုယ်မှားလားဟင်း)?





Base Coat ဆိုးပါ(ကိုယ်ကတော့ ဒီပုံမှာ မဆိုးထားပါ) ပြီးရင် လက်သဲရဲ့ ၃ပုံ ၂ပုံကို ကြိုက်နှစ်သက်ရာ အရောင်ကို  makeup spongeနဲ့ ဆိုးလိုက်ပါ(ကိုယ်ကတော့ ငပိရောင်ဆိုးထားတယ်း) ထင်တာပဲ)



ဒီအရောင်က အလက်တွေပါပြီး အရမ်းဆိုလက်စေလို့ မိတ်ကပ်ရောင်ပေါ် ထပ်ပြီး ဆိုးထားတာပါ( မရှိရင်ကြော်သွားပါ)


ဒီရောင်ထက်ဆိုးလိုက်ရင်ကို တော်တော်လှနေပါပြီး)


ဒါပေမဲ့ ကိုယ်က ဒီလိုရှူပ်ရှက်ခတ်နေအောင် ဆိုးချပလိုက်တယ်



                                                   အရမ်းကို လွယ်ပြီး လှပါတယ်။


ဒီအရောင်က အပေါ်ဆုံးမှာ သုံးထားတဲ့ အရောင်မဟုတ်ဖူးနော်။ သူ့ထက် အရောင်စိုပြီး ပန်းရောင်ပို များပါတယ်။ (ငပိရောင်မဟုတ်ဖူးလို့ ဆိုလိုချင်တာပါး)


အဖြူနဲ့ အနက် ရောပြီး ဒီလို အစက်ချတယ်



ဒီလိုပဲ ကြိုက်ရင် တောပ့်ကုတ် ဆိုးလိုက်ရင် ရပါပြီ။ ဒါပေမဲ့ ရှူပ်ရှက်ခတ်တာမှ ကြိုက်တဲ့ ကိုယ်က


ဒီလို အစက်တွေထပ်ချလိုက်တယ်။ တချောင်းထဲဆို ကြည့်ရတာ မလှပေမဲ့ လက်ငါးချောင်းစလုံးဆို တော်တော်လှပါတယ်။


ရှူတ်လားဟင်း)


လာပါပြီ ငပိရောင်ထက်ပြီးး)


Wet  Wild ကို ထပ်ဆိုးပါတယ်။ သူက အဖြူနဲ့ ငွေမှုံလေးတွေပါပြီး တော်တော်လှလို့ပါ။


Konad M54က လိပ်ပြာနဲ့ ပန်းခိုင်လေးကို ယူပြီး သုံးလိုက်တာပါ။ (မရှိရင် လိပ်ပြာကို ဆွဲပါ။ ကိုယ်တော့က လိပ်ပြာမပြောနဲ့ ၀လုံးတောင် လုံးအောင် မ၀ိုင်းတတ်ဖူးရယ် အသဲနာတဲ့ထဲမှာ အဲ့ဒီ ပန်ချီမဆွဲ တတ်တာ လည်းပါတယ်း)


လိပ်ပြာလေးကို ကျောချင်းကပ်ပေးလိုက်တယ်း)



ပြီးရင် တော့ပ်ကုတ်ဆိုးပါ( ကိုယ်ကတော့ မဆိုးထားပါဘူး )



လှတယ်နော်း)





း)



ခင်မင်စွာဖြင့်
Baby taster



Read more...

လက်သဲ ပုံဖော်ရအောင်(၁၀)

 Monday, November 21, 2011


အောက်ခံ Base Coat ဆိုးပြီး ခြောက်သွားရင် အစိမ်းရောင်နဲ့ ဖက်ဖူးစိမ်းရောင်ကို မြက်ပင်လေးတွေ ဖြစ်အောင် လက်သဲထိပ်ကနေ ခြစ်လိုက်ပါ။ ခြစ်တဲ့အခါ လက်သဲနီ အများကြီး မပါပါစေနဲ့။ ဒါမှ မြက်ပင်လေးတွေလို အဖျားရှူးသွားမှာပါ။


ဒီလိုလေးပေါ့( ကိုယ့်မှာတောင် လက်သဲနီများနေတယ်)


ပြီးရင် ပန်းကို အ၀ါရောင်အစက်လေး ချပြီး ၀တ်ဆံကိုတော့ ကြက်သွေးရောင် အစက်လေး ချပေးပါတယ်။ ရိုးတံကို အစိမ်းရောင် လက်သဲနီနဲ့ပဲ ဆွဲပါ။


း)


း)



ဒါက နောက်တခါ ဆိုးထားတာပါ။ ပန်းက ၂ပွင့်ပဲ ထည့်ထားတယ်။ လက်သဲတိုရင် ပန်းလေးတွေကို မြက်ပင်လေးတွေထက် မရှည်ပဲ မြက်ပင်မှာ ကပ်ပြီးဆိုးလည်းလှပါတယ်။






သေခြာ ခြောက်သွားမှ Top Coat ဆိုးပါ။



                                 ဒါနဲ့ မဆီမဆိုင် န၀ရတ်ရဲ့ ဒီပုံဆံလေး ကြိုက်တယ်း)


ခင်မင်စွာဖြင့်
Baby taster

Read more...
Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP