Lorem Ipsum

လက်သဲ ပုံဖော်ရအောင်(၁၅)

 Thursday, December 29, 2011


အားလုံးသော မောင်နှမများ မင်္ဂလာအပေါင်းနဲ့ပြီးပြည့်စုံသော နှစ်သစ်လေး ဖြစ်ကြပါစေ။


Base Coat၊ Top Coat၊ အနက်ရောင်၊ အနီရောင်၊ အဖြူရောင်၊ အပြာရောင်၊ makeup sponge၊ သွားကြား ထိုးတံတို့လိုပါတယ်။


Base Coat ဆိုးပြီးခြောက်သွားရင် အဖြူရောင်နဲ့ French Manicureဆိုးလိုက်ပါ။




French Manicure ခြောက်သွားရင်၊ အဖြူနဲ့ အပြာကို တစက်ဆီရောပြီး makeup spongeနဲ့ လက်သဲထိပ် ဖက်ကို ခပ် ဖွဖွလေး ရိုက်ပေးပါ။




ပြီးရင်တော့ အဖြူရောင်နဲ့ ပုံထဲကလို အစက်လေးတွေ ချပေးပါ။ Snowman အတွက် လက်သူကြွယ်နဲ့ လက်မတို့မှာ အစက်ချပေးပါ။



အနက်ရောင်နဲ့ ဦးထုပ်၊ မျက်လုံးနဲ့ ကြယ်သီးလေးတွေဖြစ်အောင် အစက်ချလိုက်ပါ။ နှာခေါင်းလေးဖြစ် အောင် အစက်ချလိုက်တာ အရှိန်လွန်သွားတယ်း) ဒါကြောင့် ပါးစပ်ပြဲပြဲကြီး လုပ်လိုက် တာပါး) ဆိုးတဲ့ အခါသတိထားပေါ့ ကိုယ့်လို အရှိန်မလွန်အောင်း)


ပြီးရင်တော့ snow flakes တွေကိုဆွဲပါ။ ခုဒီပုံမှာ ကိုယ်ဆိုးထားတာတော့ ကိုယ့်တူမလေးက snow flakes မဆိုးတတ်ဘူး ဆိုလို့ပါ အလွယ်ဆုံးပြပေးထားတာပါ။
 ဒီနည်းကို Youtube ကယူထားတာပါ။

ခင်မင်စွာဖြင့်
ဘေဘီ

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP