Lorem Ipsum

ငါးဆားနယ်ချက် ၊ ကစွန်းရွက်ကြော်နှင့် မုံလာဥအမဲသားစွပ်

 Friday, October 08, 2010

 ဒီနေ့ ချက်စားတဲ့ ဟင်းတော့ မဟုတ်ပါဘူး ။ ငါဆားနယ် ချက်လေးရယ် ၊ ကန်စွန်းရွက်ကြော်ရယ် မုံလာဥနဲ့ အမဲသား စွပ်ပြုတ်လေးရယ်ပေါ့ ။ မိဘအိမ်မှာ တုန်းကဆို ကန်စွန်းရွက် လုံးဝမစားဘူး ။မြန်မာပြည်မှာက ဈေးပေါပေါ ရတယ်မဟုတ်လားး) မရတဲ့နေရာလည်း ရောက်ခဲ့ရော စားတာ မပြောနဲ့ တပတ်မှာ တခါကို ၀ယ်စားဖြစ်တယ် ။ တနပ်စာကို $ 3.00 ဖိုးလောက် ၀ယ်ရတော့ ဈေးကြီးတာပေါ့နော်း)      လို ရင်းမရောက်တော့ဘူး ။ ငါးဆားနယ်က ကိုယ်တိုင်ပဲ လုပ်ထားတာပါ ။ သွေးတိုးကလည်း ရှိတော့ ဆားသိတ် မထည့်ဖြစ်သလို တညလေးပဲ သိတ်ပြီး နောက်နေ့ ရေဆေးပြီး အတုံး သေးသေးလေးတွေ တုံးချက်တယ် ။ ငါးကတော့ အရိုးမများတဲ့ငါး ၀ယ်လုပ်ပါတယ် ။





 
ငါးဆားနယ် တညသိတ်လေးကို ရေဆေးပြီး ခပ်သေးသေး တုံးပါတယ် ။ ပြီးမှ ကြက်သွန်နီ ၊ဖြူ ၊ ဂျင်း ၊ ငရုတ်သီးခြောက်တို့ကို ညက်နေအောင် ထောင်းပြီ ဆီသတ်ပါ ။ ကြက်သွန်အနံ့ မွှေးလာရင် ခရမ်းချဉ်သီး ပါးပါးလှီးထားတာထည့် ၊ ချက်တယ် ဆီပြန်လာရင် ငါးထည့် ။ ငံပြာရည်လေးနဲ့ ဟင်းခပ်မှုန့် ထည့်ပြီး ဆီပြန်လာအောင် တည်ထားပါတယ် ချခါနီးမှ ငရုတ် သီးစိမ်းနဲ့နံနံပင်လေး အုပ်ပြီးချပါတယ် ။
                                                                         
                                               

ဒါလေးကတော့ မြန်မာပြည်မှာ လုံးဝ မစားခဲ့တဲ့ ခုမှ အငမ်းမရ စားနေတဲ့ ကစွန်းရွက်ကြော်လေးပါ ။ ကိုရီးယား ပဲပုပ်အနှစ်လေး နဲ့ ကြက်သွန်ဖြူ ငရုတ်စိမ်းလေး ဆီသတ်  ခရုဆီလေး နဲ့ ငံပြာ ရည် နည်း နည်း ထည့် ကြော်ထားပါတယ် ။                              







မုံလာဥ တလုံး ၀ယ်လာတာ တ၀က်က တော့ စွပ်လေးလုပ် သောက်ဖြစ်တယ် ။အမဲသားကို ရေပွက် ပွက်ဆူထဲ ထည့်ပြီး ၅မိနစ်လောက် သွေးညှီတွေနဲ့ အနံ့ပျောက်အောင် ပေးဆူပြီးရင် ရေဆေးချ ။ ရေနွေးပြန်တည်ပြီး ချင်းဖတ်လွှာ နည်းနည်းထည့်ပြီး အမဲသားထည့်ပြုတ် ။ (၁၅) မိနစ်လောက်ဆိုရင် မီးမှိန်မှိန်လေး လုပ်ပြီး အမဲသာ နူးတဲ့အထိ တည်ထားတယ် ။ ပြီးမှ မုံလာဥ အခွံခွါထည့်  စားခါနီးမှ မီးနည်းနည်းပြင်းပြီး ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်း ထောင်းထည့် ကြက်သွန်မိတ်လေးထည့် သောက်ပေါ့ ။ အိမ်မှာတော့ ကြက်သွန်မိတ် ကုန်နေတယ် မထည့်မိဘူး ။                        




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP