Lorem Ipsum

အမဲရိုးကုလားပဲချက် နဲ့ ဗလာချောင်ကြော်

 Monday, October 25, 2010




အမဲရိုး နဲ့ အရွတ်တွေကို ကုလာပဲနဲ့ ရောချက်လိုက်တယ် ။ဗမာပြည်မှာတော့ အသားက ဈေးကြီးပေမယ့် ဒီမှာတော့ အရိုးက ဈေးကြီး နေပြန်တယ် ။လူ့အကြိုက် နတ်မလိုက်နိုင် ဆိုတာဒါ မျိုးနေမှား)

ကုလာပဲကို ချက်ခါနီး တနာရီ စိမ်ထားရင် ရပါပြီ ။ အရွတ်နဲ့ အရိုးတွေကို ရေဆေး ဆား ၊ ဆနွင်း နယ်ထား။ ဆီအိုတည် ကရဝေးရွက်နဲ့ သစ်ဂျပွေးခေါက် ဆီသတ် ။ကြက်သွန်နီဖြူ၊ ဂျင်း တို့ကိုကြိတ်ပြီးထည့် ကြက်သွန်နီ ၀ါရောင်လေး ဖြစ်လာရင် အရောင်တင်မှုန့်လေးထည့်။ အရိုးနဲ့အသားထည့် ဆီထွက်လာအောင် လှိမ့်ပြီးမှ ရေထည့်နည်းနည်းပေးဆူလိုက်ပါ  ၁၅မိနစ်လောက်မှ ကုလာပဲထည့် ၊ ဆား ၊ အချိုမှုန့် ၊ မဆလာထည့်ပြီး ၁၅ မိနစ် ထပ်ပေးဆူပြီး ရေနွေး အရိုးနဲ့ ပဲမြုပ်အောင် ထည့်ပြီး မီးမှိန်မှိန်လေးနဲ့ တည်ထားပါ  မီးများရင် စားမကောင်းပါဘူး မှိန်မှိန်လေးနဲ့ ချက်တာ နူးလွယ်ပြီး အရမ်းစားလို့ ကောင်းပါတယ်



                                      ပုဇွန်ခြောက် ဗလာချောင်ကြော်နဲ့ တွဲစားသွားပေါ့း)



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP