Lorem Ipsum

ကြက်သားနဲ့ တိုဖူးလုံးကြော်ချက်

 Sunday, November 07, 2010




ခုတလော ဟင်းက ကိုယ်စားချင် နေတာတွေ စားလို့ မရဘူး ဖြစ်နေတော့ ၊တော်တော့ကို ခေါင်းစား ပါတယ်။သူ က အချဉ်နဲ့ အစပ်မပါရင် ထမင်း မစားတတ်ဘူး ။ကိုယ်လည်း တူတူပါပဲ ။ ဒါပေမဲ့ အဆီအစပ်တွေ ရှောင်ရမယ် ဆိုတော့ ကျန်းမာရေးက အဓိကပေမို့ ရှောင်ရပြန်ရော ။အချို သက်သက် ချက်စား နေမိတယ် လေနာတာ ၊အစာအိမ် အချဉ်ပေါက်သူတွေ အတွက် ဆေးနည်းလေးများ သိရင်ကောမဲန့်မှာ ပြောပြစေ ချင်ပါတယ် ။ 

စချက်ကြရအောင် ကြက်သား အကြေသားနဲ့ တိုဖူးကိုရေ ခြေလိုက်တယ် ။ ငရုတ်ကောင်း နည်းနည်း ဂျင်း နှုတ်နှုတ်ရှောက်ကော ပါကောမှုန့် နည်းနည်း ၊ ကော်မှုန့် လက်ဖက်ရည်ဇွန်းတဇွန်း ၊ ကြက်သားမှုန့် နည်းနည်း ၊ အချိုမှုန့် ၊ဆား ၊ ကြက်ဥတလုံး ဖောက်ပြီး နယ်ထားပါတယ် ။ ပြီးမှ ရေဆူထဲ အလုံးလေး တွေလုပ်ပြီး ပြုပ်၊ ကျက်ရင် ဆယ်ထား။

သံလွင်ဆီနဲ့ နှမ်းဆီကို ထမင်းစားဇွန်း တဇွန်းစာထည့် ပူလာရင် ကြက်သွန်ဖြူ ၊ဂျင်း ၊နှုတ်နှုတ် စဉ်းထည့် ၊ မုံလာဥနီ ၊တရုတ် နံနံအရိုး ၊ မှိုခြောက်ရေစိမ် ကိုပါးပါး လှီးထည့်ကြော် ၊ တရုတ်မဆလာ ၊ငရုပ်ကောင်းမှုန့် ၊ ပဲငံပြာရည် အကြည်/ အနှောက် ၊ ခရုဆီ ၊ ငရုတ်ဆီ အနည်းငယ် တို့ကို ရောမွှေပြီးထည့်၊ အသားလုံး ပြုပ်ရည် ထည့်ပြီး ခဏတည်ထား ၊မှို ကျက်လောက်ရင် ကော်မှုန့် လက်ဖက်ရည် တဇွန်း ရေအေးနဲ့ ဖျော်ထည့်ပြီး အသားလုံးတွေ ထည့်ပြီးမွှေ ၂မိနစ်လောက်ဆိုရပြီ ။ပူပူလေးမှ စားလို့ ကောင်းမယ်နော်။


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP