Lorem Ipsum

အကြော်လှော်များ (၂)

 Tuesday, November 09, 2010



စနေနေ့က ပဲရေပွ ပေါင်းဖြစ်တယ် ။ အဲ့ဒါ ပဲဆီနဲ့ ကြက်သွန်နီ/ဖြူ ငရုတ်သီး ဆီသတ်ပြီး ကြော်တယ် ။ပြီးမှ ငံပြာရည်လေးနဲ့ အချိုမှုန့် ထည့် ပြီး နှပ်ထားတယ် ။



ဟိုတခါ ရေဘ၀ဲ လက်ကျန် ရှိနေတာက ဟင်းချက်မယ် ဆိုလည်း မလောက်ပြန်ဘူး ။ဒါနဲ့ပဲ ပါးပါး လှီးပြီး တ ရုတ်မဆလာ ကြက်သွန်နီ/ဖြူ ၊ငရုတ်စိမ်း၊ တရုတ်နံနံ ၊ကြက်သွန်မိတ် အားလုံးရောပြီး မွှေကြော်လိုက်တယ်



အမဲသားကို ဆား၊ အချိုမှုန့်၊ ဆနွင်းထည့်ပြီး ရေမြုပ် အောင်ထည့် ပြုတ်တယ် ။ရေခန်းမှ ဆီထည့်ပြီး မီးမြိန်
မြိန် မှာဆက်ကြော်တယ် ။ ဟင်းအိုး ရခါနီးမှ ဂျင်း ထောင်းပြီး အရည်ညစ် ထည့်ပါတယ် ။

ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP