Lorem Ipsum

ဟင်းနုနွယ်သုပ်

 Wednesday, December 15, 2010



မသုပ်ခင်ပေါ့

ဒီနေ့တော့ ဟင်းနုနွယ်ရွက် သုပ်စားတယ်။ အခုချိန်ဆို မြန်မာပြည်မှာ မြူရွက်တွေ ပေါပြီပေါ့နော်။မြူရွက်သုပ် အရမ်း စားချင်နေတယ်။ နောက်တခုက ဒရင်ကောက်သုပ်။ ဒီမှာတော့တခါတလေ တပေါင်ကို၎.၉၉တဲ့။ တချို့ တွေဆို လမ်းဘေးတွေမှာ ကောက်လို့ရတယ်ပြောကြတာပဲ။ တခါမှတော့ မမြင်ဖူးဘူး ဟိုနေ့က ဟင်းနုနွယ်၁ပေါင်ခွဲဝယ်လာတာ၎.၅၉တဲ့ ပြုပ်လိုက်တော့ အပေါ်က တခွက်လေးပဲရတယ်။

ရိုးရိုးလေးပဲ သုပ်ထားတယ်။ ကြက်သွန်ဖြူ ဆီချက်၊ မြေပဲလှော်ထောင်း၊ ငံပြာရည်၊ အချိုမှုန့်၊ ပုဇွန်ခြောက် ကုန်နေတယ်။ မထည့် လိုက်ရဘူး။ ပြီးမှ နှမ်းလှော်လေး နဲနဲ ထည့်တယ်။ လ္ဖက်ရည်ကြမ်းလေးနဲ့ တီဗွီကြည့်ရင်း စားလိုက်ကြတယ် DND :P



မွှမွှ မကြေအောင် ဖွဖွလေးနယ်ပြီး ရွရွလေး ထည့်တယ် :)






 

 

 

ဒီလ္ဖက်ရည် ကြမ်းပုံလေးကတော့ ကိုယ့်ပုံ မဟုတ်ဘူးနော်။ ချောဆီကထင်တာပဲ။ တခါတုန်းက ဒီပုံဆံလေး မှာချင်တယ်ဆိုပြီး ကျေးဇူးရှင်ကိုပြတုန်းက ယူထားတာပါ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP