Lorem Ipsum

ပုဇွန်မီဆိုကြော်

 Thursday, December 16, 2010

ပုဇွန်ကို မီဆိုအနှစ်နဲ့ ကြော်ထားတယ်။ စိတ်ဝင်စားရင် ချက်စားကြည့်လို့ရအောင် ပြောပြမယ်နော်။ ၁၀ မိနစ်အတွင်းပြီးလို့ သဘောကျတယ်။ ကျမက ပုဇွန်ကို ၅ပေါင်တန် အထုပ် တထုပ်ဝယ်ပြီး တခါတည်း အခွံခွါ ကျောခွဲ သန့်ဆင်ထားတယ်။ တထုပ်မှာ အကောင် နှစ်ဆယ်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားတယ်။ ချက်ဖို့ လွယ်အောင်ပါ။ ပုဇွန်ခေါင်းတော့ မစားတတ်တာနဲ့ ခေါင်းမပါတာပဲ ၀ယ်ဖြစ်တယ်။


ပုဇွန်ကို အမြှီးချန်ပြီး နှစ်ခြမ်းခွဲလိုက်ပါတယ်။ ကြက်သွန်နီ ဥကြီးတလုံး၊ ကြက်သွန်ဖြူ ၂မွှာကို ပါးပါးလှီး ဆီ သတ်ပါတယ်။ မီဆိုအနှစ် ထမင်းစားဇွန်း တဇွန်းထည့်၊ ကြက်သားမှုန့် လိုအပ်မယ် ထင်သလောက်ထည့်၊ ရေဆူနဲနဲထည့် အနှစ်ကလေးရလာရင် ပုဇွန်ထည့် ငရုတ်သီးစိမ်း နှစ်ခြမ်းခြမ်းပြီးထည့် ဒါဆိုရပါပြီ။

သတိ။     ။ ဆား၊ ငံပြာရည်မထည့်ပါနဲ့။ မိဆိုက ငံပြီးသားမို့ပါ။




မီးဖိုကြောင်က အမှိုက်ထုတ်တောင် ပါအောင်ရိုက်နိုင်တယ်နော် တွေ့လား တော်ချက်ကတော့ :)






တရုတ်လို ဘာတွေရေးထားတာလည်း မသိဘူးနော်။ ဘာသာပြန်ပေးခဲ့ကြပါလား :)

မနက်ဖန် ကောက်ညှင်းထိုးမုန့် တင်ပါ့မယ် D N D :)


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP