Lorem Ipsum

ကောက်ညှင်းထိုးမုန့်

 Friday, December 17, 2010





ကျေးဇူးရှင်ကို အားကိုးပြီး ဓါတ်ပုံလေးရိုက်ခိုင်းပါရဲ့ ဒီလိုပုံလေးထွက်လာပါတယ် :( ပြီးရင်ပြောသေးတယ် သူကပဲ ထိုးမုန့်လို့ သိရင်ပြီးတာပဲတဲ့။ မသိရင်လည်း စာဖတ်ပြီးသိလိမ့်မယ်ဆိုပဲ။ ကလေးတွေ မနှိုက်စားရဘူး သရေ မယိုရဖူးနော် ကြည့်ပဲကြည့်သွား။ ဘုန်းကြီးကျောင်းပို့ဖို့ :)

ငယ်ငယ်က မန်းလေးသွားရရင် အရမ်းပျော်တာ။ ထိုးမုန့်စားရလို့လေ ထိုးမုန့်တန်း အစကနေအဆုံးထိ အ မြည်းကျွေးတဲ့ ဆိုင်တွေက မနောမနည်းပဲ။ ထမင်းလွတ်တောင် စားလို့ရတယ်။( အစားပုတ် ဂုဏ်ထူးလည်း ရထားပြီဆိုတော့ ရှက်စရာမလိုတော့ပါဘူးလေ) တဆိုင်ကို အစိတ်သားလောက်ရတယ်။ တယောက်ထဲဆို ဆိုင်စေ့ စားပလိုက်မယ်လို့ ခဏခဏ ကြိမ်းဖူးတယ်။ ဒါပေမဲ့ အဒေါ်က ပေးမစားပါဘူး။ နောက် ရထား ပေါ် ရောက်ရင် လာရောင်းတဲ့ ထိုးမုန့်က တထုတ်ကို တရာဆို ရထားထွက်ခါနီးဆို တရာဖိုး လေးထုပ် တွေ တောင်ဖြစ်ရော အားလုံးဝယ်ချင်လိုက်တာ မပြောနဲ့။ နောက်နှစ်တော့ မုန့်ဖိုးစုမယ်ပေါ့။ ခရီးထွက်ရင် ကိုယ့်ပိုက်ဆံနဲ့ အများကြီးဝယ်မယ်လို့ တေးထားပေမဲ့ ကျောင်းမုန့်စား ဆင်းချိန်ဆို ကုန်ရော။ ကျောင်းပိတ်တော့မယ်ဆိုရင် ဗလာ စာအုပ်တွေ ရောင်းပြီးစုတော့တာပဲ။ ကိုယ့်မေမေက နောက်ဆို ရုံးပိတ်ရက်မှာ ကောက်ညှင်းထိုးမုန့် လုပ်ပေးတော့တယ်။ တခါတလေ သတိရရင် လုပ်စားဖြစ်တယ်။

ကောက်ညှင်းဆန်မှုန့်ကို ရေနဲ့ နယ်ပြီးနှပ်ထားပါ။ တညသိပ်ရင် ပိုကောင်းတာပေါ့။ ကြံသကာကို အရည်ပျစ်ပျစ် ကြိုထား။ ဒယ်အိုးထဲမှာ ဆီ၁၀ သားလောက်ထည့်ပြီး ကြံသကာရည်လောင်းထည့်။ ဆူပွက်လာရင် ကောက်ညှင်းကိုထည့်၊ မုန့်လုံး ကို ယောက်မနဲ့ နာနာနယ်ပေးရမယ် ကြေသွားအောင်ပါ။ ကောက်ညှင်း စေးကပ်လာရင် ဘိန်းစေ့လှော်နဲ့ မြေပဲလှော်ထည့်ပြီးမွှေပြီး ဗန်းထဲလောင်းထည့်ပြီး နောက်နေ့ စားရုံပေါ့။ အိမ်မှာတော့ ကြံသကာ အဖြူပဲ ရှိနေတာနဲ့ အရောင်လေး နဲနဲထည့်မိပါရဲ့ ဘုန်း ကြီး ရောင် နဲ့တူသွားတယ် :) ကျက်သရေ ရှိပြီး လှလိုက်တာဆိုတာ ဒီမုန့်မျိုးနေမှာနော် :) ဘုန်းကြီးကျောင်း ပို့တာဆိုတော့ ဘုန်းကြီးရောင်နဲ့ လှတာပေါ့။ ဒီတမျိုးပဲ တတ်တာပါ။ တခြားတွေမတတ်ဘူး မေးမြန်းခြင်း သီးခံပါ။


ကောက်ညှင်းဆန်အမှုန့်ကို မုန့်လုံးရေပေါ် လုပ်မဲ့ အနေအထားဖြစ်အောင်နယ်ပါ။ ကြံသကာရည် ဆူနေမှ ကောက်ညှင်းဆန်ကို လေးငါးလုံးလောက် လုံးပြီးထည့်လိုက်ပါ။ အရေဖျော်ပြီး မထည့်ရပါ။ မုန့်သားတွေက မုန့်လုံးရေပေါ်လို ပွတက်လာမှ ကြေအောင် မွှေရတာဖြစ်ပါတယ်။ လက်တော့ တော်တော်ညောင်းပါ့မယ်။


ဗန်းထဲလောင်းထည့်ပြီး အအေးခံရုံလေးပါ။ အိုဗင်ထဲ ထည့်စရာမလိုပါဘူး။
ကောက်ညှင်းဆန်မှုန့် တဗူး ရေသုံးဗူးထည့်ရမယ်။ ကြံသကာတော့ လိုအပ်သလောက်ထည့်ပေါ့။ အချို ကြိုက်မှုပေါ် မူတည်ပါ၏။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP