Lorem Ipsum

ဟင်းထုပ်နဲ့ အုန်းနို့ခေါက်ဆွဲ မဟုတ်တဟုတ်

 Saturday, December 18, 2010

ကြာပါပြီ ဟင်းထုပ်လို့ တီတီဆွီဘလောဂ့်မှာ တွေ့တော့စားချင်တာနဲ့ ရှိနေတဲ့ ဆန်မှုန့်ရယ်၊ အရိုးနွင်ထား ပြီးသား ငါးရယ်၊ မှိုရှည်ရှည်ရယ်၊ ငရုတ်စိမ်းရယ်၊ ကြက်သွန်မြိတ်ရယ်၊ နံနံပင်ရယ် ဆားနဲ့အချိုမှုန့်ပါရောပြီး ဆီထည့်နယ်၊ ငပျောဖက်မရှိတာနဲ့ တခါက စူးနွယ် ဘလောဂ့်မှာ ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတာ ဖတ်ဖူးတယ်။ အဲ့ဒီနည်းလေး အတိုင်း ပလတ်စတစ်နဲ့ ထုပ်ပြီး ပေါင်းလိုက်တယ်။ ဆီက အများကြီးမထည့်ဖြစ်ဘူး (လည်ချောင်းနာနေလို့) ဆိုတော့ မုန့်သားတွေက မညှက်လာဘူး။ ဒါပေမဲ့မဆိုး ဘူး နောက်တခါ ဆန်မှုန့်နဲပြီး ဆီများရမယ်ဆိုတာ နားလည်သွားပါပြီ။ စားလို့တော့ ကောင်းတယ်။
 



ဒီလိုလေး ခွဲပြီး ကြက်သွန်ဖြူ ဆီချက်လေးဆမ်းစားတယ်။
စားထားတာတော့ တလလောက် ရှိနေပါပြီ :D


မှတ်မိကြသေးလား? ဟိုတခါက ကြက်သားနဲ့အာလူးကို အုန်းနို့နဲ့ချက်ထားတာ။ အဲ့ဒါလေးကို အရွက်တွေ ဖယ်၊ အာလူးကိုချေ၊ ကြက်သားကို ဖဲ့လိုက်တယ်။ ပြီးတော့ ရေဆူထည့် ပွက်ပွက်ဆူလာရင် ကြက်ဥ နှစ်လုံးဖောက်ထည့်ပြီး အပေါ့အငံမြည်းတယ်။ ရယ်ဒီဖြစ်ရင် ဂျူံခေါက်ဆွဲဖတ်ကို ပြုပ်ပြီး ကြက်သွန်နီ၊ ကြက်သွန်မြိတ် ပါးပါးလှီးထည့်၊ ငရုတ်မှုန့်ကုန်နေတာနဲ့ ဗလာချောင်ကြော်ထည့်၊ သံပုရာသီးထည့်ပြီးစား လိုက်တယ်။ တကယ်ပြောရင် မ၀ဘူး။ ရှက်ဖို့ မလိုတော့ဘူး ပါမစ် ရတွားပြီကွယ် :P


 


ဒါက ကလေးမဟုတ် လူကြီးမဖြစ်သေးတဲ့ တယောက်အတွက်လေ သိတယ်မှလား? ချောပေါ့  :D


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP