Lorem Ipsum

ပဲသီးသုပ်နဲ့ ပီကင်းဘဲကြော်

 Monday, January 03, 2011

ကိုယ်က အသုပ်ကြိုက်တယ်။ အမှန်တော့ ချဉ်ငံစပ်ကြိုက်ပေမဲ့ အခုချိန်မှာ အချဉ်နဲ့အစပ် လျော့ထားတော့ မစားဖြစ်ဘူး :( အခုချိန်မှာ အစပ်တွေ မှန်သမျှ ကျေးဇူးရှင်အတွက်ချက်တာသာဖြစ်ပါတယ် :D ကိုယ်က တော့ ဒီလိုအချိုသုပ်လေးတွေကို ပိုအားပေးဖြစ်တယ် ဆိုပါတော့။ ဒါနဲ့ ဒီတခါသုပ်ဖို့ အလှည့်ကျ လာတဲ့အ သီးအနှံကတော့ ( အဟွတ် :D ပြောချင်ဇောနဲ့ ချောင်းပါဆိုးတယ် :)) ဘိုစားပဲ တောင့်ပါပဲရှင်။ ဘာလို့ဘို စားပဲလို့ခေါ်တာလဲ မသိဘူးနော်။ ဘိုတွေက ဒီပဲကိုပဲ စားလို့လား? သိရင်ပြောပြပေးကြပါ။


                                             
                                                  Before သုပ်ပေါ့ :)




ဘိုစားပဲကို ရေဆေးပြီး သေးသေးလှီးထားတယ်။ ရေဆူရင် ဘိုစားပဲထည့်ပြုပ်တယ်။ ပဲသီးရရင် ကြက်သွန်နီ ပါးပါးလှီးထည့် ကြက်သွန်ဖြူ ဆီချက်ထည့်၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်ထည့်ပြီး သုပ်လိုက်ရုံပေါ့။









                                               After သုပ် :)






ဓါးက မထက်တာရော ဆိုင်က တရုတ်ကြီးလို မခုတ်တတ်တာရော ပေါင်းလိုက်တော့ ဟော့ဒီလို မလှမပလေး ထွက်လာပါတယ် :)




                                                       
                                             ကြက်သွန်မိတ်လေးထည့်ကြည့်တာ မလှဖူး :P

ပီကင်း ဘဲကြော်ပါ။ ဘဲတကောင် ကျန်နေတာနဲ့ ဘာလုပ်မယ် ညာလုပ်မယ်လို့ စိတ်ကူးနေခဲ့တာ ကြာလှပေါ့။ ဒီတခါတော့ စိတ်မကူးပဲ လက်တွေ့ သက်သေပြလိုက်တယ် :)

အိုးခပ်ကြီးကြီး တလုံးထဲ ရေ၂/၃ ထည့်၊ ဂျင်းလက်တဆစ်စာ ထုတည့်၊ ဆားလက်တဆုပ်နဲ့ နာနတ်ပွင့်၂ပွင့်ထည့်ပြီး ရေပွက်ပွက်ဆူ လာရင် ဘဲကို တကောင်လုံးထည့် ၁၅မိနစ်လောက် ပြုပ်လိုက်ပြီး ဆယ်ထား။

ပဲငံပြာရည်အနှောက် ၂ဇွန်း (ထမင်းစားဇွန်း)
ပဲငံပြာရည်အကြည်   ၂ဇွန်း (ထမင်းစားဇွန်း)
အချိုမှုန့် ခန့်မှန်း
ဆရုတ်မဆလာ        ၁ဇွန်း (လဖက်ရည်ဇွန်း) တို့ကိုရောဖျော်ပြီး ဘဲတကောင်လုံးပေါ် သုတ်လိမ်းပေး၊ ဆီအိုးတည်၊ ဆီပူလာရင် ဘဲတကောင်လုံးထည့်ကြော် တဖက်ကို ၁၀မိနစ်ဆီ အဖုံးအုပ်ပြီးကြော်။ အဖုံးဖွင့်ပြီး တဖက်ကို ၅မိနစ်ဆီ ကြော်ရင် ရပါပြီ။ ခုတ်ထစ်တာတော့ မတတ်ဖူးရယ်။ တတ်သလိုမှတ် သလိုလေး ခုတ်တယ် :) ဘဲကင်တကောင်ရှိတာနဲ့ သူ့ကို ကောင်းကောင်း အသုံးချပြီး အမျိုးမျိုးထဲထည့် စားဖြစ်တယ် :)



ဆောစ့်ကတော့ BBQ ဆောစ့်နဲ့သကြားကိုကျိုပြီး ငရုတ်သီးခြောက်တတောင့်၊ ကြက်သွန်ဖြူတဥ ထောင်း ငံပြာရည်နဲ့ရောပြီး ဆောစ့်လုပ်ပါတယ် ခင်ညာ :)


အရည်သောက်ကတော့ အမြန်ဖြစ်လွယ်တဲ့ ပဲလိပ်ပြာနှပ် တထုတ် ထုတ်လိုက်တယ်။ ရေဆူထဲ ပြစ်ထည့် ခရမ်းချဉ်သီးပါးပါးလှီးထည့်၊ ကြက်သားမှုန့်ထည့် ချခါနီး မုံညှင်းဖူး ရေဆေးထည့်၊ ကြက်သွန်ဖြူ တမွှာ ထောင်းထည့်၊ ဆီ လဖက်ရည် တဇွန်းထည့်ပြီး စားလို့ရပါပြီ။  



                                                  
                                           ပဲလိပ်ပြာနဲ့ မုံညှင်းဖူး ဟင်းချိုပါ။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP