Lorem Ipsum

ပုဇွန်ငပိချက်

 Tuesday, January 04, 2011

ခရမ်းချဉ်သီး ငပိကျက်လေးစားရရင် သိပ်ကောင်းမှာတဲ့ ကျေးဇူးရှင်ကပေါ့။ ဒီကလည်း နေ့တိုင်း ဟင်းမထပ်အောင် စဉ်းစားနေရတာ သေတော့မယ်။ တရက်ဟင်းကျန်ရင် နောက်နေ့မ စားတော့တာ လည်းသူပဲ၊ ကိုယ့်မှာတော့ ဟိုဟာနဲနဲကျန် ဒီဟာနဲနဲကျန်တွေ စုပြီး ဘုန်းကြီးကျောင်း များရောက်နေသ လားမှတ်ရအောင် စားရတဲ့နေ့တွေလည်း မနည်းတော့ဘူး။ အင်းလောဘကြီးပြီး ချက်တာလည်း ကိုယ်ပါပဲ။ မကုန်လို့ ပြစ်ရမှာ နှမြောတာလည်းကိုယ်ပါပဲ ကိုယ့်ဒုက္ခနဲ့ကိုယ်ပါပဲလေ ဆိုပြီးကိုယ့်ကိုယ်ကိုယ် ပုံချပေါင်း လည်း မနည်းတော့ဖူးပေါ့။ ကိုယ်က ဟင်းချက်ရင် အပိုချက်တတ်တယ်။ ငယ်ငယ်ကတည်းက အိမ်မှာဧည့် သည်တွေ ခဏခဏ လာကြတော့ ထမင်းဟင်း ထပ်မချက်ချင်လို့ အပိုချက်ထားလေ့ရှိတယ်။ အဲ့ဒီကနေအ ကျင့်ရလာတာနဲ့ပါတယ်။ ထပ်မချက်ချင်တာရော မလောက်မှာစိုးတာနဲ့ လက်တွေလွန် ကုန်ရောပေါ့ :) ကဲ ရှည်တယ်နော် ပုဇွန်ချက်မယ်လေ အိုကေ :)

















ပုဇွန်ကို အခွံခွါ ကျောလည်ကခွဲပြီး ရေဆေးထား။ ကြက်သွန်နီ/ဖြူ ၊ငရုတ်ခြောက်ထောင်းပြီး ဆီသတ်။ ခရမ်းချဉ်သီး နုပ်နုပ်စဉ်းထည့်၊အရောင်တင် နဲနဲထည့်၊ ငံပြာရည် ၊အချိုမှုန့်၊ ငပိနဲနဲကို ရေနွေးဖျော်ထည့်ပြီး ခရမ်းချဉ်သီး ကြေသွားအောင် ချက်ပြီးမှ ပုဇွန်ထည့် ၃မိနစ်ဆိုရပါပြီ အပေါ့အငံမြည်း၊ ငရုတ်သီးစိမ်း ပိုင်း ထည့်၊ နံနံပင် အုပ်ပုဇွန်ငပိချက်လေးရပါပြီ။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP