Lorem Ipsum

ကြက်မြစ်နဲ့အာလူးဟင်း

 Wednesday, January 05, 2011










အာလူးနဲ့ကြက်မြစ် ကြားတောင် မကြားဖူးဘူးနေမှာနော် :D ကိုယ်လည်း တူတူပါပဲကွယ်။ အာလူးအနီတွေဝယ်ထားတာကလည်း ကြာလှပေါ့။ အိမ်မှာ အာလူးဝယ်တိုင်း အညှောင့်တောင်ထွက်တယ်။ ဒါပေမဲ့ မြင်တော့ လည်း မ၀ယ်ပဲမနေနိုင်ဘူး။ ဒီမှာတော့ အာလူးအခွံ အနီမျိုးက အကြီးပဲရတယ်။ ကချင် ပြည်နယ်မှာ ဆိုရင်တော့ လက်သည်းခွံလောက် ရှိတာတောင်ရတယ်။ သေးသေးလေးတွေကို နို့ဆီဗူးနဲ့ ချိန် ရောင်းတယ်။ ကြော်စား သုပ်စား ကောင်းမှကောင်း။ ပုံပဲ အများကြီးတင်နေလို့လေ စာပါရှည်ချင်လို့လေ ကြောရှည်ကြည့်တာ :D မရဘူး ဒါအကုန်ပဲ ဟင်းစချက်တော့မယ်နော် :)

ကြက်မြစ်ကို သန့်စင်ပြီး ဆား၊ နနွင်း နယ်ထားတယ်။ အာလူးကို အတုံးလေးတွေတုံးပြီး ဆားရေ စိမ်ထား လိုက်တယ်။ အာလူးကို ရေထဲကဆယ် ဆီပူထဲထည့်ကြော်ပြီး ဆီစစ်ထား။ (အတုံး မပျက်အောင်လို့ပါ) ဆီ အိုးတည်ပြီး ကြက်သွန်နီ/ဖြူ ၊ဂျင်းထောင်းပြီး ဆီသတ်၊ ကြက်သွန်ရရင် နနွင်းနဲ့ အရောင် တင်ထည့်၊ ကြက် မြစ်ထည့် (ကြက်သဲ မကြိုက်လို့ပါ) ငံပြာရည်နဲ့ အချိုမှုန့်ထည့်၊ ရေဆူထည့်ပြီး တည်ထား။ ကြက်မြစ်ရရင် အာလူးထည့်၊ မဆလာထည့်ပြီး မီးသေးသေးလေးနဲ့ နှပ်ထားလိုက်တယ်။ ရပါပြီ ကြက်မြစ်နဲ့ အာလူးဟင်း :)



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP