Lorem Ipsum

ကွေ့သယိုလောတ့်

 Thursday, January 06, 2011

ခေါင်းစဉ်ကတော့ ကွေ့သယိုလောတ့်လို့ ပေးလိုက်တာပါပဲ။ တကယ်လည်း အဲ့လိုမျိုးစားချင်နေတာပါ။ အဆာကိုတော့ ကွေ့သယိုလောတ့် အတိုင်းလုပ်ထားပြီး ညှပ်ခေါက်ဆွဲ အဖတ်သွားရှာတာ မရတာနဲ့ ဗီယက်နမ်တွေ ကော်ပြန့်စိမ်းထုတ်တဲ့ အမှုန့်လေးနဲ့ လုပ်လိုက်တာပါ။ နဲနဲပျော့ပေမဲ့ စားလို့ အရမ်းကောင်း ပါတယ်။ ကွေ့သယိုလောတ့်ဆိုတာက ထိုင်းတွေရဲ့အစားအစာ တခုပါပဲ။ ကျေးဇူးရှင်ရဲ့ ဘော်ဘော် တ ယောက်က ထိုင်းမလေးနဲ့ အိမ်ထောင်ကျနေတာပါ။ သူတို့ဆီ သွားလည်ရင်း လုပ်စားဖူးတာနဲ့ ကိုယ်လည်း ကြိုက်တော့ ထိုင်းရောက်တာနဲ့ ၀ယ်စားတော့တာပဲ :) အိမ်မှာလည်း မကြခဏ လုပ်စားလေ့ရှိပါတယ်။ ဒီမှာတော့ ကွေ့သယိုဖတ် အပြားကြီးတွေ ရပါတယ်။ ညှပ်ခေါက်ဆွဲဖတ်တွေပါ။ အဲ့ဒါဝယ်လာရင်တော့ မခက်တော့ဖူးပေါ့။ အခု လုပ်နည်းလေး ပြောပြပါ့မယ်နော်။

ပထမဆုံး  ဆီအိုးတည်၊ ဆီပူလာရင် ကြက်သွန်ဖြူနုပ်နုပ်စဉ်းထည့်၊ မုံလာဥခြောက် နဲနဲထည့်၊ ကြက်သား အ ကြေသားထည့်ကြော် အားတွေ ဘေးဖက်ဖယ်ထားပြီး တိုဖူး ပါးပါးလှီးထည့်ပြီးကြော်၊ တိုဖူးရရင် နှစ်ခုရော ပြီး၊ ပဲငံပြာရည် ၊ ခရုဆီ၊ အချိုမှုန့်ထည့်၊ ပဲပင်ပေါက်၊ ကျူဆိုင်းရွက်ထည့်ပြီး အအေးခံထားပါ။



ဒီလိုမျိုးကြော်ပြီး အအေးခံထားပါတယ်။

ညှပ်ခေါက်ဆွဲပြားကြီးတွေ အဆင်သင့်ရှိနေရင်တော့ ထည့်ပြီးလိပ်လိုက်ပါ။ ပြီးမှ ပေါင်းအိုးထဲ လိပ်ထားတဲ့ မှုန့်တွေကို ဆီထည့်၊ ၁၅ မိနစ်ပေါင်းပေးပါ။ ဒါဆိုရင် ရပါပြီ ကြက်သွန်နီ ဆီကျက်လေးဆမ်း၊ ဂျင်းနဲ့ပဲငံပြာ ရည် ရေားပြီးစားလို့ ရပါပြီ။ ဒါပေမဲ့ ကိုယ့်မှာက ညှပ်ခေါက်ဆွဲဖတ် အဆင်သင့် မရှိနေတာကြောင့် နောက်တမျိုး ကြံစည်ပြီးလုပ်လိုက်တာပါ။



ကိုယ်က ဒီအထုပ်လေးနဲ့ လိုက်တာပါ။ ဆန်မှုန့်နဲ့ ပီလောပီနံမှုန့် ရေားထားတာပါ။ သူ့ကို ဆားနဲနဲနဲ့ ထည့်ပြီး ရေဖျော်ပါ့မယ်( ပဲကပ်ကြော် (သို့) မုန့်လင်မယားကြော်တဲ့ အနေအထားလောက် ကျဲရပါ့မယ်) ပြီးရင်ဒယ် ပြား မီးဖိုပေါ်မှာတည်ပြီး၊ အပူပေးပါ( ဒယ်ပြားက Nonstick Pan ဖြစ်ဖို့တော့ လိုမယ်နော်) ပူလာရင် မုန့် နှစ်ရည်လေးထည့် အပြား ခပ်ကြီးကြီးလေးဖြစ်အောင် ဒယ်ပြားကို ၀ိုင်းလိုက်ပါ။ ၁မိနစ်ဆို ကျက်ပါပြီ။ ပန် ကန်ပြားပေါ်မှာ မောက်ချလိုက်ပါ။ အပြားလိုက် (ကော်ပြန့်စိမ်း ထုတ်တဲ့ အပြားထက်ထူတာ) ကျလာပါလိမ့် မယ် အဲ့ထဲကို ကြော်ထားတဲ့ အဆာလေးတွေထည့်ပြီးလိပ် သူကလိပ်တာနဲ့ သူ့အလိုလို ကပ်နေပါ့မယ်ဒါဆို ဆီလေးနဲနဲလူးပြီး စားလို့ရပါပြီ။ အကြော်မှုန့်ကလည်း ဈေးသက်သာပါတယ်။ လုပ်ရ တာလည်း မခက်ဖူး ရေးတာသာ ရှုပ်နေတာပါ။ တချပ်ကို ၁မိနစ်ပဲကြာပါတယ်။ မုန့်နှစ်တထုပ်ကို အချပ် ပေါင်း ၃၀လောက် ရပါတယ်။


 
















ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP