Lorem Ipsum

ဆန်ပြုပ်

 Friday, January 07, 2011







ဆန်ပြုပ်ပါ။ ဟိုတခါ စန္ဒကူးရဲ့ ဘလောဂ့်မှာ ဆန်ပြုပ်တင်ထားတော့ ကိုယ်လည်း ကြိုက်ကြောင်းပြောပြီး ကတည်းက လည်ချောင်း တော်တော်နာလာပါတယ်။ ဒါနဲ့ပဲ ဆန်ပြုပ်ပြုပ်သောက်ပါတယ်။ ဒါတောင်င ခြောက် အစပ်ကြော်လေးက အစစ်ပါလိုက်သေး :) ကြက်ကြေသားနဲ့ ဆန်ပြုပ်ပြုပ်ပါတယ်။ စားခါနီးမှ ကြက် ဥနှစ်လုံးကို ဖောက်ထည့်ပါတယ်။ ဂျင်းနဲ့ နံနံပင်ထည့်ပြီး စားပါတယ်။



  


 ဒါကတော့ အမဲရိုးနဲ့ ပြုပ်ထားတဲ့ ဆန်ပြုပ်ပါ။ ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းထည့်ပြီး ပြုပ်ထားပါတယ်။ သူ့တမျိုးထဲ စားရမှာ အားနာတာနဲ့ အောက်က ငါးကြော်လေးနဲ့ စားပါတယ် ခင်ညာ :D




ဒီငါးကြော်ပေါ့  ကိုယ်စားလိုက်တာ :)



လည်ချောင်းက ပိုနာလာတာနဲ့ ငရုတ်သီးနဲ့ အဆီတွေကို သံယောဇဉ် အပြတ်ဖြတ်လိုက်ပြီး ဒီလို ဖြူထည် လေးကို စားပါတယ်။ ဒါလည်း မုံလာဥနီနဲ့ ကြက်သားပါပါတယ် :)






နေလည်းကောင်းသွားရော ဒီလို အုန်းနို့ခေါက်ဆွဲကို စားပလိုက်ပါတယ်။ သူများအိမ်က လာပို့တာမို့လို့ အ သေးစိတ်လေး မရေးတော့ဘူးနော် :)






ကျေးဇူးရှင် အားကိုးနဲ့ ဓါတ်ပုံလေးရိုက်ခိုင်းမိတဲ့ ဂျင်းသုပ်ရဲ့ အဖြစ်လေးကို ကြည့်ကြပါ။ ကိုယ်တောင် မနည်း ကြည့်ရတယ် မွဲလိုက်တာ :(



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP