Lorem Ipsum

စားတော်ပဲ ဘယ်လိုပြုပ်မလဲ

 Sunday, January 09, 2011

စားတော်ပဲ ပြုပ်နည်းမေးကြလို့ ကိုယ်လုပ်တဲ့ စားတော်ပဲပြုပ်နည်း ရေးပေးလိုက်ပါတယ်။ ။ စာတော်ပဲလုံးကို ရေဆေးပြီး ဆားဆော်ဒါ လဖက်ရည်ဇွန်းတဇွန်းထည့်ပြီး တညစိမ်ထားပါ့မယ်။ နောက်နေ့ ရေးဆေးပြီး ပေါင်းအိုးထဲ ထည်ပြီး ၄၅ မိနစ်ကနေ ၁နာရီထိ ပေါင်းရပါ့မယ်။ ပေါင်းတဲ့အခါ ဆားလေးနဲနဲး ဖြူးပြီးပေါင်းပါ တယ်။ ဒါဆိုရင် ပဲပြုပ်ရပါပြီ။ ကိုယ်က ပဲပြုပ်ကို နဲနဲအိပြီးစီးနေတာကြိုက်လို့ အချိန်ပိုယူပြီး ပေါင်းပါတယ်။ ပဲပြုပ် တလုံးနဲ့တလုံး ကပ်နေတာမျိုးကြိုက်လို့ပါ။


ပေါင်းအိုး မရှိတဲ့လူတွေအတွက်၊ ထမင်းပေါင်းအိုးမှာ ပေါင်းလို့ရပါတယ်။ဘာပေါင်းအိုးမှ မရှိရင် အိုးတလုံးထဲ ပဲမြုပ်အောင်ထည့်ပြီး တည်ထားပါ။ မီးများများနဲ့တည်ပြီး ရေခမ်းလောက်ရင်၊ မီးကို ငွေ့ငွေ့လေးပဲထားပြီး အပေါ်ကနေ အိုးကို အလေးတခုခုနဲ့ ဖိထားပေးပါ။ ၄၅မိနစ်လောက်ဆို ပဲနှပ်လာမှာဖြစ်ပါတယ်။ ပဲကို ရေစိမ်တာများသွားရင် ဆားကို ကြိုထည့်ပြီးပြုပ်ရင် ပဲက မအိလာပဲ ဆတ်တောက်တောက်ကြီး ဖြစ်နေမှာ ဖြစ်ပါတယ်။ တညစိမ်ရင်ရပါပြီ။ အညှောင့်ထွက်တာ ကြိုက်တတ်ရင်တော့၊ ရေစိမ်ထားတဲ့ ပဲကို အ၀တ်ပါး တခုမှာထည့်လိုက်ပါ၊ ပြီးရင် နွေးတဲ့နေရာတခုမှာထားပါ။ ရေမကြာမကြာစွတ်ပေးဖို့ လိုပါလိမ့်မယ်။ အဲ့ဒါဆို၂ရက်မှာ အညှာင့်လေးထွက်လာမှာ ဖြစ်ပါတယ်။





ဒီပုံကို ဂူဂဲလ်ကယူထားတာပါ။ ကိုယ့်ပဲပြုပ်က ရေခဲသေတ္တာမှာ ခဲနေပါပြီ :)




ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP