Lorem Ipsum

ကြက်အူချောင်းကင်

 Sunday, January 09, 2011
















ဒီလို ကင်ပြီး ဂျင်းပါးပါးလှီးထားတာရယ်၊ ငရုတ်သီးစိမ်းရယ်၊ ဂေါ်ပီထုပ်လေး တကျွတ်ကျွတ်ဝါးရင်း ဒီအ ကင်လေးတွေကို စားကြပါတယ်( ကိုယ်ကတော့ ဂေါ်ပီ အစိမ်းမစားချင်လို့ ရေနွေးဖျောလိုက်တာပါ)

ကြက်အူချောင်းလို့ ခေါ်ရမလား၊ ဆိတ်အူချောင်းလို့ ခေါ်ရမလား ဘယ်လိုခေါ်ရမလဲ မသိတော့ဘူး :)ထိုင်း မှာတော့ ၀က်သားချဉ်ကို ဆိတ်အူချောင်းထဲ ထည့်ပြီးကင်စားကြပါတယ်။ နောက်တမျိုးက ဆိတ်သားကို ထ မင်းရယ် ကြက်သားရယ်၊ ကြာဇံရယ် ရောပြီး ဆိတ်အူချောင်းထဲ ထည့်ပြီး ကင်စားကြပါသေးတယ်တဲ့။ ကိုယ့် မှာလည်း ဆိတ်အူချောင်းတွေ အဆင်သင့်ရှိနေလို့ လုပ်စားဖြစ်တယ်။ စိတ်ဝင်စားမယ်ဆိုရင်ပေါ့ လုပ်နည်း ပြောပြချင်ပါတယ်။

၁။  ဆိတ်အူ (ရေဆေးပြီး)

လိုအပ်သော အစာပလာများ

ကြက်သား၊ ၀က်သား၊ အမဲသား၊ဆိတ်သား အကြေသား (နှစ်သက်ရာသုံးနိုင်ပါတယ်)
ကြာဇံ (ရေနွေးစိမ်ပြီး)
ထမင်း
ပဲငံပြာရည်
အချိုမှုန့်
ကြက်သွန်ဖြူနဲ့ဂျင်း (နုပ်နုပ်စင်း)
ကြက်သွန်မိတ်
မဆလာ
ရေ

ဇလုံတလုံးထဲမှာ အထက်ပါ အဆာပလာများအားလုံးကို ရောထည့်ပြီး နယ်ထားပါ။ ရေကို အနည်းငယ်သာ ထည့်ပါ (အစိုဓါတ်ရအောင်နဲ့ အထဲက အစာပလာတွေ မာမသွားအောင်ဖြစ်ပါတယ်) အားလုံးအဆင်သင့် ဖြစ်လာရင် ဆိတ်အူကို ကတော့( မြန်မာပြည်မှာ ဆီထည့်တဲ့ဟာမျိုးပါ ) ၀မှာ စွပ်လိုက်ပါ။ ပြီးမှ အပေါ်က နေနယ်ထားတဲ့ အဆာပလာများထည့်ပြီး အူချောင်းထဲကိုသွင်းပါ။ (သွင်းတဲ့ စက်ရှိတဲ့လူတွေ အတွက်တော့ အဆင်ပြေပါတယ်) ပြီးမှ ထိပ်နှစ်ဖက်ကို ချည်လိုက်ပါ။ ပြီးရင် ဆီလေးနဲနဲလူးပြီး ကင်ပါ။




                                               ဒါက မကင်ခင်ကပေါ့ :)

ဒါနဲ့အတူ Satay လည်းလုပ်စားခဲ့ပါတယ်။ ဂူဂဲလ်က ပုံတွေ အများကြီးတင်လို့ စိတ်ကောက်သွားတယ်။ ပေး မတင်ပါဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ ဒါကြောင့် ဆက်ရေးချင်ရင် နေရာဝယ်ရပါအုံးမယ်။ ဖြေးဖြေး ချင်းခွဲတင်ပါ့မယ်။ နောက်တခါ Satay ပေါ့ :)


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP