Lorem Ipsum

ပလာတာနဲ့ ပဲပြုပ်

 Saturday, January 08, 2011

ကိုယ်က စားစရာတွေကို ရယ်ဒီမိတ်ထက် ကိုယ်တိုင်လုပ်စားရတာ ပိုစိတ်ချတယ် :) တချို့ ဆီကြော် ရယ်ဒီ မိတ် အထုတ်တွေက ဆီဂျီးစော်နံနေတတ်တယ်လေ။ ကျေးဇူးရှင်ကလည်း အိမ်က အစားအစာပဲ ပိုကြိုက်တော့ အများဆုံး အိမ်မှာပဲ ချက်စားဖြစ်တယ်။ ကြီးကြီးကျယ်ကျယ်မျိုး လုပ်စားမယ်ဆိုရင်တော့ တူ/တူမလေးတွေ ခေါ်ပြီး မဟုတ်ရင်တော့ အိမ်ကလူတွေပါပဲ။

ဒီနေ့တော့ ပဲပြုပ်ထားတာနဲ့ ပလာတာ လုပ်စားပါတယ်။

ဂျူံ (All Purpose Flour) 3 Cup(သို့) 750ml
ဆီ (သို့) ထေားပတ် (Ghee) ၂ထမင်းစားဇွန်း
သကြား ၂ လဖက်ရည်ဇွန်း
ဆား    ၁/၂ လဖက်ရည်ဇွန်း
ရေအေး အနည်းငယ်
ကြက်ဥ   ၁လုံး

ဂျူံကို ဇလုံတလုံးထဲ ထည့်လိုက်ပါ။ သကြား၊ ဆား၊ ဆီ၊ ကြက်ဥ အားလုံးထည့်ပြီး နယ်ပါ။ ပြီးမှ ရေအေးနဲနဲ စီထည့်ပြီးနယ်သွားပါ။ မုန့်သားညှက်လာရင် အ၀တ်စိုလေးနဲ့ ၃၀ မိနစ်နှပ်ထားပါ။ နောက်ထပ် ဂျူံကို ထပ်နယ်ပြီး လိုချင်တဲ့ အလုံးလေးတွေ ပိုင်းလိုက်ပြီး ၁၅ မိနစ်ထားပါ့မယ်။ ဒါမှ မုန့်သားတွေက ညှက်ပြီး ပလာတာ ရိုက်ရတာ ကောင်းမှာဖြစ်ပါတယ်။ ၁၅မိနစ်ပြည့်ရင်တော့ စရိုက်ပြီပေါ့။ မရိုက်တတ်တဲ့ လူတွေ အတွက်လည်း မပူပါနဲ့။ အလွယ်ဆုံး ဘီယာပုလင်းခွံနဲ့ ပူရီလိမ့်သလို လိမ့်ပါ။ ပြီးမှ ထေားပတ်နဲနဲ လူးပြီး ဖျာလိပ်သလို လိပ်လိုက်ပြီးခွေလိုက်ပါ။ ထပ်ပြီး ပုလင်းနဲ့ လိပ်လိုက်ပါ။ အထပ်တွေ အများ ကြီးဖြစ်တဲ့ ပလာတာရမှာဖြစ်ပါတယ်။ ဒယ်ပြားတည်ပြီး ပူလာရင် ပလာတာပြား ထည့် နောက် တဖက် လှည့်တဲ့အခါမှ ဆီ(သို့)ထေားပတ်ကို အပေါ်ကနေ နဲနဲထည့်ပါ။ ဖိပြီး ကြော်ပေးပါ နောက်တဖက်လှန်ပြီး အဲ့ နည်းအတိုင်းကြော်ပါ။ အလွန့်အလွန် စားကောင်းသော ဆီဂျီးစော် မနံသောပလာ တာရမှာဖြစ်ပါတယ်။ ဖတ်ရတာ အရမ်းရှူပ်ပြီး နားမလည်ဘူးဆိုရင် ပလာတာ လုပ်ရတာ ခက်တာ မဟုတ် ပါဘူး။ သေချာရှင်း မပြတတ်တဲ့ ကိုယ်ရဲ့ ညံ့ဖျင်းမှုသာ ဖြစ်ပါတယ်။




























စတော်ပဲပြုပ်ပါ။ ကိုယ်က ပလာတာနံပြားနဲ့ စားရတဲ့ပဲပြုပ်ဆို ဒါမျိုးပဲကြိုက်တယ်။ ငယ်ငယ်ကတည်း ကလည်း ဒါမျိုးနဲ့ စားခဲ့လို့ထင်ပါတယ်။ ခြောက်နေတဲ့ ပဲပြုပ်နဲ့ မစားတတ်ပြန်ဘူး။ ပဲပြုပ်ထဲကို ရေဆူထည့်ပါ တယ်။ ပြီးမှ ရေခမ်းရင် ပဲ၃ပုံ၁ပုံကို ချေလိုက်တယ်။ ဆနွင်း၊ ဆား၊ အချိုမှုန့်၊ မဆလာနဲနဲ ထည့်ပါတယ်။ ပြီးမှ ဆီထည့်ပြီး ချလို့ရပါပြီ။ အပေါ်ကနေ ကြက်သွန်ကြော်လေးဖြူးပါတယ်။ ဒါကတော့ ကိုယ်ငယ်ငယ်ကနေ အ ခုချိန်ထိ ပလာတာ စားတိုင်း စားလေ့ရှိတဲ့ ပဲပါ။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP