Lorem Ipsum

သတ်သတ်လွတ်ဟင်း

 Tuesday, January 11, 2011














ပဲနဲ့အာလူး ချက်ထားတာပါ။ စိတ်ကူးတည့်ရာပါပဲ။ ဘယ်သူစားလို့ ဘာလို့တော့ မဟုတ်ဘူး။ အာလူးတ ထုတ်ဝယ်ထားတာ မကုန်မှာ စိုးလို့ရယ်။ သာမည ဆရာတော် စာအုပ်လေးဖတ်တာကို သတိရသွားလို့ပါ။ လက်နှစ်သစ်လောက် ရှိတဲ့ လျှာရင်းမြက်စေဖို့ လူတွေရဲ့ ပါစပ်ပေါက်ကို တရိစ္ဆာန်တွေရဲ့ သင်္ချိုင်း မလုပ်ပါနဲ့တဲ့။ ဟုတ်သားပဲနော်။ ပြောသာပြောပြီး စားနေတာပဲလေ။ ကိုယ့်အသိ အမကြီးတယောက်ဆို တသက်လုံး သတ်သတ်လွတ် စားလာတာတဲ့။ ကိုယ်ကပဲ တော်တော် ဆိုးနေပါလားလို့ တွေးမိတယ် :)
ဒါနဲ့ ဒီပဲလေး ချက်စားဖြစ်ပါတယ်။

ပဲကို ရေတည စိမ်ထားပြီး နောက်နေ့ ပြုပ်ပါတယ်။ ကြက်သွန်နီ၊ဖြူ၊ ဂျင်းရောပြီး ဆီသတ်ပါတယ်။ ကရဝေး ရွက်နဲ့ သစ်ဂျပွေးခေါက်လည်း ထည့်ပါတယ်။ ခရမ်းချဉ်သီး တလုံးထည့်။ အာလူးခြမ်းထည့်၊ ဆနွင်း နဲနဲ ထည့်ပြီး ခဏလောက် ကြော်ပါတယ်။ ၅ မိနစ်လောက်ဆို ပြုပ်ထားတဲ့ပဲထည့်ပြီး ဆား၊ အချိုမှုန့်၊ မဆလာထည့်ပြီး တည်ထားလိုက်တယ်။ အာလူးနူးပြီဆို နံနံပင် အုပ်ပြီးချလို့ရပါပြီ။ တခါတလေ အသား လွတ်ကြည့်တာပါ။




                            ဒီပဲပါ ဘယ်လိုခေါ်လည်းတော့ မသိပါဘူး။ သိရင် ပြောပြပေးကြပါ။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP