Lorem Ipsum

သတ်သတ်လွတ်ဟင်းများ

 Wednesday, January 12, 2011






 

ပဲပြုပ် ရှိနေတာနဲ့ မျှစ်နဲ့ကြော်တယ်။ ကြက်သွန်ဖြူနဲ့နီကို ဆီသတ်ပြီး မျှစ်ထည့်ကြော်၊ ဆားနဲ့ အချိုမှုန့်ထည့်၊ မျှစ်၅မိနစ်လောက် ကြော်ပြီးရင် ပဲပြုပ်ထည့်ပြီးကြော် ရပါပြီ။








 ကြက်သွန်ဖြူ ဆီသတ်၊ ပဲပုပ်(အခြောက်) နဲနဲထည့်၊ ခရမ်းချဉ်သီးတလုံး ပါးပါးလှီးထည့်၊ သတ်သတ်လွတ် မှိုဆီနဲ့ ပဲငံပြာရည်ထည့်ပြီးကြော် နောက်ဆုံးမှ မှိုနဲ့ ကြက်သွန်မိတ်ထည့်။





အာလူး အနီတွေ ကျန်နေသေးတာနဲ့ ရေဆေး အတုံးသေးသေးလေးတွေ တုံးပါတယ်( အခွံအရမ်းပါးလို့ မခွါ ပါဘူး) ဆီပူလာရင် အာလူးနဲ့ ကြက်သွန်နီထည့်ကြော်၊ ဆား၊ အချိုမှုန့်နဲ့ နနွင်းမှုန့်ထည့်၊ အာလူးရပြီး ကြွပ်ခါ နီးမှာ ကြက်သွန်ဖြူနဲ့ ဂျင်း ထောင်းထည့်၊ ငရုတ်သီး အမှုန့်ထည့်၊ နှမ်းလှော်မှုန့်ထည့်၊ သံပုရာသီးတလုံးညစ် ထည့်၊ နံနံပင် ထည့်ပြီး ဆီပြန်လာရင်ချလို့ရပြီ။



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP