Lorem Ipsum

Satay

 Monday, January 10, 2011


Satay လုပ်စားတယ်။ ကြက်အူချောင်းနဲ့ တူတူပေါ့။ Google တွန့်တိုလို့ ပုံတွေ အများကြီးပေးမတင်ဘူး။ သူ့နေရာလေးများ ကပ်စီးနဲတာနော် :P ခုတော့ ချော ကျေးဇူးကြောင့် တင်လို့ရပေမဲ့ ကြောက်သွားပြီလေ မတင်ရဲတော့ဘူး :) ချောကို အထူးအထူး ကျေးဇူးတင်ပါ၏ :)












မှတ်မှတ်ရရပြောရမယ်ဆို Satayကို လွန်ခဲ့တဲ့ ၁၃နှစ် ၁၄နှစ်လောက် စစားဖူးတာပါ။ စားစားခြင်း တော် တော် ကြိုက်သွားတယ်။ မြစ်ကြီးနားမြို့ရဲ့ ညဈေးတန်းတခုမှာ စားဖူးတာပါ။

ကိုယ်လုပ်တဲ့ Satay ကတော့ Satay Seasoning Mix ထုတ်နဲ့လုပ်တာပါ။ အထုတ်ထဲမှာ Aနဲ့ B ဆိုတာ ရှိပါတယ်။ Aက အသားထဲထည့်ပြီး နှပ်ရမှာဖြစ်သလို Bက စောစ့်အတွက်ပါ။ ပထမဆုံး အသား အတွက် ပြောပြမယ်နော် သိပြီးသားဆိုလည်း မသိသေးသူများ အတွက်ပေါ့။


ကြက်သားကို အဆီနဲ့ အရေခွံဖယ်လိုက်ပါ။ ရေဆေးပြီး အပြားလေးတွေရအောင် လွှာပါ။ A အထုတ်ထည့် ပါ။ အုန်းနို့ ထမင်စားဇွန်း (၅) ဇွန်းထည့်ပြီး နှပ်ထားလိုက်ပါ။(တစ်ည) ၀ါးသီတံလေးတွေကို ရေစိမ်ထားပါ (ကင်တဲ့အခါ မီးမကျွမ်းအောင် ဖြစ်ပါတယ်) အသားတွေကို ၀ါးသီတံနဲ့ သီပြီး ဆီနဲနဲလူးကင်ပါ။

စောစ့်အတွက်ကတော့ B အထုတ်ကို အုန်းနို့တခွက်နဲ့ ရောဖျော်ပြီးကျိုပါ။ ငံပြာရည်နဲ့ ငရုတ်သီးမှုန့် ထည့်ပါ( လိုအပ်မယ်ထင်ရင်) ဆီထမင်းစားဇွန်း ၂ဇွန်းနဲ့ မြေပဲမှုန့် ၁ဇွန်းထည့်ပြီး မွှေပေးပါ။ ဆီပြန်လာပြီး အနှစ် လေးရရင် ရပါပြီ။



ဒီအထုတ်လေး သုံးတာပါ။


ဒီလို ရယ်ဒီမိတ် အထုတ်မရနိုင်တဲ့ နေရာမျိုးမှာဆိုရင် ကြက်သားကို ရေသန့်ဆင်ပြီး ကြိုက်သလို တုံးပါ။

စပါလင် ၁ချောင်း
သကြား  ၁ဇွန်း( ထမင်းစားဇွန်း)
ဇီရာ ၁ဇွန်း( ထမင်းစားဇွန်း) (Cumin)
နံနံစေ့အမှုန့် ၁ဇွန်း( ထမင်းစားဇွန်း) (Coriander)
သစ်ဂျပိုးခေါက် ၁/၂ဇွန်း (လဖက်ရည်ဇွန်း)
မြေပဲလှော်မှုန့် ၂ဇွန်း (ထမင်းစားဇွန်း)
ဆီ ၂ဇွန်း  (ထမင်းစားဇွန်း)
ဆီ ၂ဇွန်း (ထမင်းစားဇွန်း)
ဆနွင်းမှုန့် (အနည်းငယ်)
ဆားနဲ့ အချိုမှုန့် (ခန့်မှန်း)
အုန်းနို့  ၅ဇွန်း(ထမင်းစားဇွန်း)

ဒါတွေအားလုံးကိုရောပြီး ကြိတ်လိုက်ပါ။ ပြီးမှကြက်သားနဲ့ နှပ်ထားပါ။ ဇီရာ၊ နံနံစေ့၊ သစ်ဂျပိုးခေါက် တခုချင်းစီ မရှိရင် မြန်မာက ဆွီတီ တံဆိတ် မဆလာသာထည့်ပါ။ သူ့ထဲ အကုန်ပါပါတယ်။

စောစ့် အတွက်
ကြက်သွန်နီ အကြီး ၁လုံး
စပါလင် တချောင်း
သကြား ၂ဇွန်း (ထမင်းစားဇွန်း)
မန်ကျည်းသီးအနှစ် ၁/၂ ခွက်
ဂျင်းလက်တဆစ်
ငရုတ်သီးအခြောက် ၃ဇွန်း ( ကြိတ်ပြီးသား ) (ထမင်းစားဇွန်း)
မြေပဲလှော်မှုန့် ၁/၂ခွက်
ဆား
အချိုမှုန့်
ဆီ
အုန်းနို့ ၁ ခွက်

စပါလင်နဲ့ ဂျင်းကို ရောထောင်းပါ။

မြေပဲလှော်ပြီးထောင်းထားပါ။

ဆီထဲကို ကြက်သွန်နီကို ပါးပါးလှီးပြီကြော်ပါ။ ကြက်သွန်ရလာရင် စပါလင်နဲ့ ဂျင်းထည့်ပါ။ အနံ့မွှေးလာရင် ငရုတ်မှုန့်၊ မန်ကျည်းသီးအနှစ်၊ ဆား၊ သကြား၊ အုန်းနို့ထည့်ပြီး မွှေပါ။ အနှစ်ဆီပြန်လာရင် ရပါပြီ။ အုန်းနို့မ တည့်ရင် မထည့်ပဲ ရေထည့်ရင်လည်း ရပါတယ်။ သခွါးသီးနဲ့ စားကြပေးမဲ့ အိမ်မှာတော့  ဒီတိုင်းပဲစားဖြစ်ပါ တယ်။




ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP