Lorem Ipsum

ငါးချဉ်သုပ်၊ ငါးသုပ်၊ ကြက်သားနဲ့ အာလူးဟင်း

 Thursday, January 13, 2011









ငါးသုပ်ထားတာပါ။ အဆီတွေ မစားချင်တာနဲ့ ပြုပ်ပြီး သုပ်လိုက်တယ်။ အရေဆုတ်ထားတဲ့ ငါးကို စပါလင် တ ချောင်း ထုထည့်ပြီး ရေနဲနဲနဲ့ ပြုပ်လိုက်တယ်။ အအေးခံထားပြီး နဲနဲဖဲ့လိုက်တယ်။ ကြက်သွန်နီ၊ ခရမ်း ချဉ်သီး၊ ငရုတ်သီးစိမ်၊ နံနံပင်ကို ပါးပါးလှီးပြီး ငံပြာရည် အချိုမှုန့်နဲ့ သံပုရာသီးညစ်ပြီးသုပ်လိုက်ပါတယ်။







ဒါကလည်း ငါးတဖြတ်လေးကျန်နေတာနဲ့ ဘယ်ထဲထည့်လို့မှ မလောက်ဖူးလေ။ အဲ့ဒါနဲ့ ရေသေချာဆေး၊ အတုံးသေးသေးလှီးပြီး ဆားနဲ့နယ် ထမင်း လက်တဆုပ်စာ ထည့်နယ်ပြီး ပုလင်းထဲ သိပ်ထားလိုက်တာ ၅ရက်ဆိုချဉ်သွားတယ်။ ခါတိုင်းဆို စောစောချဉ်ပေမဲ့ အခုချိန်က အေးလို့နေမှာ ၅ရက်လောက်ကြာတယ်။

ငါချဉ်ကိုလည်း ကြက်သွန်နီ၊ ငရုတ်စိမ်း၊ နံနံပင်တို့ကို ပါးပါးလှီး၊ ငရုတ်ခြောက် မီးကင်ပြီးခြေထည့် ဆီစိမ်း ထည့်၊ ငံပြာရည်နဲ့ အချိုမှုန့်ထည့်နယ်ရင် ရပါပြီ။









ဆီနဲနဲနဲ့ အရည်သောက် ချက်ထားတာပါ။ ကြက်သားကို ဆီနဲနဲနဲ့ အပေါ်ရေ တင်းလာအောင်ထည့်ကြော် တယ်။ နောက်မှ ကြက်သွန်နီခပ်ကြမ်းကြမ်း လှီးထည့်၊ ဂျင်းနဲ့ ကြက်သွန်ဖြူ ထောင်းထည့်၊ ဆား၊ အချိုမှုန့် ထည့်ပြီးေ၇ခမ်းအောင်တည်ထား။ ရေခမ်းရင်၊ အာလူးနဲ့ မုံလာဥနီထည့်ပြီး ရေဆူမြုပ်အောင်ထည့် အာလူးနဲ့အသားနူးရင် ချလို့ရပါပြီ။


ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP