ကြက်သားပေါင်း
Friday, January 14, 2011
ရသာချိုက အသားပေါင်းစားတော့ ဘဲဥပေါင်းစားမယ်လို့ စိတ်ကူးရခဲ့ပါတယ်။ ကျေးဇူးရှင်က(ခဏခဏ တင်စားလွန်းလို့ အမြင်ကပ်နေသူများလည်း မြန်မြန်ယူကြပါလို့ နို့မဟုတ်ရင် စစ်သမီးတွေလုပ် နေရလိမ့် မယ် :P) ငရုတ်သီး စားပေမဲ့ ကိုယ့်တွက်ဆို အမြဲအချိုပဲ စားဖြစ်ပါတယ်။ မချက်ချင်ရင်တော့ တခါတလ နဲနဲ ယူစားတာပါ။ ငရုတ်သီးကြိုက်ပေမဲ့ ရောဂါကြောင့် ရှောင်လာတာ ၃လတောင်ရှိနေပါပြီ:( ဘဲဥလည်းအ ဆင်သင့်ရှိနေတာနဲ့
ဒီလို ဘဲဥနဲ့ကြက်သား ပေါင်းစားဖြစ်ပါတယ်။ ဘဲဥ ၅လုံးကို တရုတ်မဆလာ၊ ပဲငံပြာရည်၊ ခရုဆီ၊ အချိုမှုန့်၊ နှမ်းဆီ၊ ငရုတ်ကောင်းတို့ အားလုံးနဲနဲဆီထည့်ပြီး သေချာ မွှနေအောင် ခေါက်ထားပါတယ်။ ပြီးမှဂျင်းနဲ့ ကြက်သွန်ဖြူ နုပ်နုပ်စင်းထည့်၊ ကြက်သွန်မိတ်ပါးပါးလှီးထည့် ကြက်သားအကြေ တပေါင်ထည့်ပြီး ရော သမ မွှေပါတယ်။ ပေါင်းအိုးထဲ ရေနွေးဆူမှ ပန်ကန်လုံးနဲ့ထည့် အပေါ်ကနေ ငွေရောင်စက္ကူနဲ့ အုပ်ပြီး မိနစ် ၃၀ပေါင်းပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ ဒီပုံတွေက တမင်ရိုက်ပြီးတင်တာပါ :)
ခင်မင်စွာဖြင့်
Baby taster







