Lorem Ipsum

ဟင်းကျန်လေးများ အသုံးချသည်

 Saturday, January 15, 2011










                                            Laksa အနှစ်ထုတ်လေးပါ။
နန်းကြီးသုပ်စားတော့ ကြက်သားဟင်းက ပိုနေခဲ့တယ်။ တခြားလုပ်စားဖို့ကလည်း မလောက်ပြန်ဘူး။ ဒါနဲ့ ကြက်သားနောက်ထပ် နဲနဲထည့်ပြီးပြုပ်ပါတယ်။ ကျန်နေတဲ့ ကြက်သားဟင်းကို ပြန်နွေးပြီး အုန်းနို့နဲ့ Laksaအနှစ်ထုတ်ဖြည့်ပါတယ်။ ဆီပြန်လာမှ ပြုတ်ထားတဲ့ ကြက်သားထည့်လုံးပြီး အုန်းနို့ထပ်ထည့်၊ အပေါ့အငံမြည်း ရပါပြီ။ ကိုယ့်အိမ်မှာတော့ ပဲပင်ပေါက်နဲ့ တိုဖူး ရှိမနေတာကြောင့် ရိုးရိုးပဲ လုပ်စားဖြစ်တယ်။ ငါးဆုပ် နဲ့ပူစီနံရှိနေတယ် ထည့်လိုက်ပါတယ်။ ဟင်းကျန်လေးများကို အလာကားမဖြစ်ပဲ အသုံးချနည်းလေး တခု ပေါ့ :) ဒါတောင် ဟင်းရည်ကျန်နေသေးပါတယ်။ နောက်ဆက်တွဲ အုန်းနို့ခေါက်ဆွဲပေါ့ :D











Laksa ဟင်းရည်ကျန်နေတော့ ညနေ ကုလာပဲခြမ်းပြုတ်ခြေထည့်၊ Peanut Butter တဇွန်းထည့်၊ ငဆုပ် ထည့်ပြီး အုန်းနို့ခေါက်ဆွဲ လုပ်စားပါတယ် :) ထပ်ပြီး ကြက်သားဖတ်နဲ့ အသားကျန်နေခဲ့ရင် အာလူးနဲ့ မဆ လာ ဂေါ်ပီဖတ်ထည့်ပြီး ကြက်သားသုပ် လုပ်မလို့ပါ မကျန်တော့ဘူးလေ :) :D



ခင်မင်စွာဖြင့်
Baby taster

Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP