Lorem Ipsum

ပို့စ်တရာပြည့်နဲ့ ကြက်ဆီထမင်း

 Saturday, January 15, 2011

ပို့စ်တရာပြည့်ဆိုတော့ ကြက်ဆီထမင်းချက်ကျွေးမယ် အိုကေ :) ကြက်ဆီထမင်း ချက်မယ်ဆိုတော့ ကြက် သားထဲက ဖယ်ထားတဲ့ အဆီတွေ ရှိရင်ပိုကောင်းပါတယ်။ ကြက်ဆီထမင်းအတွက် ပထမဆုံး ဒယ်အိုးတ လုံးမှာ ဆီနဲနဲထည့်ပြီး ကြက်သားထဲက ဖယ်ထားတဲ့ အဆီဖတ်တွေကို ကြော်ပြီး အဆီထုတ်ပါတယ်။ အဲ့ဒီ အ ဆီထဲကို နာနတ်ပွင့် တပွင့်နဲ့ ကြက်သွန်ဖြူထုပြီးထည့်၊ ဆီသတ်ပြီး ဆန်ကိုရေဆေးပြီးထည့် လှော်ပါတယ်။ ဆန်နီရောင်လေးရရင်၊ ပဲငံပြာရည်အကြည်နဲ့ သကြား၊ နံနံပင်အမြစ် ၃ပင်လောက်ကို ထုထည့်ပြီး ရေဆူ ထည့်ပြီး ထမင်းပေါင်းအိုးထဲ လည်ထည့်ဆက်ချက်ပါတယ်။ ထမင်းနှပ်လောက်ရင် အပေါ်အောက် လှန်ပေးလိုက်ပါ။ အောက်မှာ အဆီတွေစုနေပြီး ထမင်းဂျိုး မဖြစ်အောင်လို့ပါ။

ကြက်သား ပေါင်ရင်းသားကို ရေဆေးပြီး ကြက်သားမှုန့်နဲ့ နယ်ပါတယ်။ အိုတလုံးထဲကို ဆီနဲနဲထည့်၊ ရေဆူထည့်ပြီး ကြက်သားနဲ့ နံနံပင်အမြစ်၊ နှမ်းဆီ ၃စက်၊ နံနံစေ့၊ နာနတ်ပွင့် တခုထည့်ပြီးတည် ထားပါ တယ်။ ရေခမ်းပြီး ဆီထွက်လာရင် ထမင်းပေါင်းအိုး အပေါ်ကို ဇကာလေးခံပြီး ကြက်သားတွေထည့်နပ်ထား ပါတယ်။ အောက်မှာတော့ ထမင်းရှိနေပါစေပေါ့။ (ကြက်ကိုတကောင်လုံး ပြုပ်ပြီး အဲ့ဒီအရည်ကို ထမင်းထဲ ထည့်ကြပေမဲ့ ကိုယ်ကတော့ ကြက်သားကို ပြုပ်လိုက်တော့ အရသာပျက်သွားသလို ခံစားရလို့ အဲ့လိုမကြိုက်ပါဘူး) စားခါနီးမှ ကြက်သားကို တုံးပြီး ထမင်းပေါ်ထည့်ပေးပေါ့။

စောစ့်အတွက်ကတော့ ငရုတ်စိမ်၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ပဲငါပိအချို၊ ပဲငံပြာရည်အကြည် အနှောက်နဲ့ သ ကြားကိုရောကြိတ်ပါတယ်။ ပြီးမှ ဂျင်းနုနုတွေကို အခွံနွှာပြီး နုပ်နုပ်စဉ်းထည့်ရင် ရပါပြီ။

ဟင်းချိုအတွက်တော့ ကျောက်ဖရုံသီးကို ကြက်သားနဲ့ပြုပ်ကြပေမဲ့ ကျောက်ဖရုံသီး မရနိုင်လို့ လွယ်ကူတဲ့ ငါးဆုပ်နဲ့ ခါဂျယ်ဥကို ကြက်သားမှုန့်နဲ့ ကြက်သွန်ဖြူထုထည့်ပြီး အရည်သောက်လုပ်ပါတယ်။ တရုတ်နံနံနဲ့ ကြက်သွန်မိတ်လေးပါ ထည့်တယ်နော်။

သခွါးသီးကို အခွံခွါပြီး ပါးပါးလှီးထည့်ရင်ရပါပြီ။

နောက်တမျိုးက မြေပဲနှပ်ပါ။ ကြက်ဆီထမင်းနဲ့တော့ ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ မနေ့က တရုတ်ဆိုင်သွား တော့ မြေပဲ အစိမ်းတွေ ရခဲ့လို့ပါ။ ကိုယ်တို့ အိမ်မှာတော့ ငယ်ငယ်ကတည်းက ခုထိ မြေပဲအစိမ်းကို နှပ်ပြီး စားကြပါတယ်။ နောက်တမျိုး အမဲရိုး ၀တ်ရိုး၊ အမဲအမြီးတွေနဲ့ ပြုပ်သောက်ကြပါသေးတယ်။ စိမ့်စိမ့်လေးနဲ့ အရမ်းစားကောင်းပါတယ်။ ဘယ်လိုနှပ်သလဲ စိတ်ဝင်စားမယ်ဆိုရင်တော့

မြေပဲကို အခွံလိုက်ရေဆေးပြီး ပြုပ်လိုက်ပါ။ အခွံခွါပြီး မြေပဲအစေ့တွေထုတ်။ အိုထဲ ဆီနဲနဲထည့်၊ နှမ်းဆီနဲနဲရောပြီး ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းပါးပါးလှီးထည့်၊ မြေပဲထည့်၊ ကြက်သားမှုန့်တဇွန်း (လဖက်ရည်ဇွန်း) ထည့်ပြီး၊ ရေဆူနဲနဲနဲ့ မီးငွေ့ငွေ့လေးနဲ့ နှပ်ထားလိုက်ပါ။ မြေပဲက နဂိုကတည်းကပြုပ်ထား ပြီးသား ဆိုတော့ သိတ်မကြာပါဘူး နူးမြေ့လာလိမ့်မယ်။ စားခါနီး ကြက်သွန်မိတ်လေး အုပ်ပြီး ပူပူနွေးနွေး စားမှ အရမ်းစားကောင်းမှာနော်။ အေးသွားရင် ပဲဆိုတဲ့အမျိုးက မာပြီးတောင့်သွား တတ်လို့ပါ။
















ပုံတွေ တင်ချင်လွန်းလို့ပါ :)





မြေပဲနှပ်ပါ။ စောစ့်ထည့်တဲ့ ပန်ကန်မှာဆိုတော့ သေးနေမလားပဲနော် :)






ငါးဆုပ် ဟင်းချိုလေးပါ





တစုံပေါ့ :)

ကိုယ့်ကို ပို့စ်တရာပြည့်တဲ့အထိ ကိုယ့်ရဲ့ မတတ်တခေါက် ဟင်းချက်နည်းများကို ရေးချင် တင်ချင်စိတ်ဖြစ် လာအောင် အားပေးခဲ့သော နိုင်ငံတကာမှ လာလည်တဲ့ မြန်မာ မောင်နှမများအားလုံးကို အထူးပဲကျေး ဇူးတင်ပါတယ်။ တရက်တရက် လာလည်တဲ့ လူဦးရေဟာ ၄ရာကျော် ၅ရာ အထက်မှာ အမြဲရှိနေတတ်လို့ အရမ်းကျေးဇူး တင်ပါတယ်။ အရိုးသားဆုံး ပြောရရင် အဲ့ဒီလူဦးရေကို ကြည့်ပြီး ဟင်းတွေ ချက်ချင်စိတ် ပိုဖြစ်လာပါတယ်။ နောက်လည်း လာလည် အားပေးကြပါလို့ :)


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP