Lorem Ipsum

ပိန်းဥနဲ့ ပိန်းရိုးအရည်သောက်

 Sunday, January 16, 2011

ဆီပြန်ဟင်းများ အီလာသည် :) ဒါကြောင့် ဒီလိုလေးတွေ ချက်ကျွေးတယ်။ တခါတလေ ဟင်းချက်ရတာ ခေါင်းသိတ်စားတာပဲ။ ကိုယ်ကတော့ ဘာဟင်းချက်မယ်လို့ စိတ်ကူးထားပေမဲ့ မီးဖိုကြောင်ထဲ ၀င်ပြီး ရေခဲသေတ္တာဖွင့်ကြည့်မှ စိတ်ကူးတွေ ပြောင်းခဲ့ရတဲ့ အကြိမ်က မနည်းတော့ပါဘူး။ ခုတလောတော့ တခါစားလေးတွေ ပိုချက်ဖြစ်ပါတယ်။ ကိုယ့်အစာနဲ့ သူ့အစာကမတူဘူး။ သမီးလေးကလည်း အဘွားနဲ့ နေနေတာဆိုတော့၊ ခုလည်း တယောက်စာချက်ဖြစ်တယ်။ သူဗိုက်ဆာမှ ထချက်တယ် :) (ကိုယ်ဆာတာမှ မဟုတ်တာနော်)

အမဲသားကို ခရုဆီနဲ့ အချိုကြော်တယ်နော်

အမဲသားကို ရေဆေးပြီး ပါးပါးလှီးထားပါတယ်။
ဆီအိုတည်ပြီး ဂျင်းနဲ့ ကြက်သွန်ဖြူပါးပါးလှီးပြီး ဆီသတ်တယ်။ အမဲသားထည့်၊ ရေဆူနဲနဲထည့်ပြီး အဖုံးအုပ် ထားပါ့မယ်။ ရေခမ်းသွားရင် ကြက်သွန်နီ အစိတ်ကြီးကြီးလုပ်ထည့်၊ ခရုဆီ၊ ပဲငံပြာရည် အကြည် အနှောက် ကြက်သားမှုန့်ထည့်ပြီး ကြော်ပါတယ်။ ဟင်းအိုးရခါနီးမှ ကြက်သွန်မိတ်နဲ့ ငရုတ်ကောင်းမှုန့်ဖြူးပါတယ်။












ဒါက မနေ့ကမှ ရန်ကုန်အိမ်က ပို့လိုက်တဲ့လတ်လတ်ဆတ်ဆတ် မုန့်ညှင်းချဉ်ပါ။ ဆွမ်းတော်ကပ်တဲ့ ပန်ကန် လုံး မဟုတ်ပါကြောင်း အာမခံပါသည် :)




ကြက်သားပြုပ်ကြော်ပါ။ ကြက်သားကိုရေဆေး အတုံးလေးတွေ တုံးပြီး ကြက်သာမှုန့်၊ ငရုတ်ကောင်း၊ ဂျင်းနဲ့ ကြက်သွန်ဖြူထောင်းထည့်၊ ရေနဲနဲထည့်ပြီးပြုပ်ပါတယ်။ ရေခမ်းရင် ဆီထည့်ပြီး အဖုံးအုပ်ကြော်ပါတယ်။ အ သားတွေ ကြွပ်ပြီးဝါလာဖို့ကတော့ နောက်ဆုံးမှ အဖုံးဖွင့်ပြီး ၄မိနစ်လောက်ကြော်ရင် ရဲလာပြီပေါ့။ ဒါဆိုအ ပေါ်ယံလေးပဲကြွပ်ပြီး အတွင်းသားလေးတွေ ပျော့နေပါလိမ့်မယ်။








ဒါလည်း မနေ့ကရောက်တဲ့ ဆီတိုဖူးပေါ့။ ကိုယ်က ဆီတိုဖူးဆို ဒါမျိုး အတုံးကြီးကြီး တွေပဲကြိုက်တယ်။ ငယ် ငယ်ကဆို အိမ်မှာ ဆီတိုဖူးကြော်က အမြဲအဆင်သင့်ရှိနေတတ်တယ်။ ဘာနဲ့ပဲဖြစ်ဖြစ် တို့စားတတ်လို့ လေ :) အခုတော့ အဲ့လောက်မစားတော့ပေမဲ့ ဒီမှာရောင်းတဲ့ ဆီတိုဖူးမျိုးကို မကြိုက်ဘူး။



ပိန်းဥနဲ့ ပိန်းရိုးဟင်းခါးပါ။ ပိန်းဥနဲ့ ပိန်းရိုးကတော့ ကချင်ပြည်နယ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဟင်းသီးဟင်းရွက် ဆိုမှားမယ်မထင်ဘူး။ ရိုးရိုးလေးပဲ ချက်ထားတယ်။ ပိန်းဥကိုပြုတ်ပြီး အခွံနွါ၊အတုံးတုံးထား။ ပိန်းရိုးကို အမျှင် လေးတွေ ခွါပြီးရေစိမ်ထား။ ရေနွေးအိုးတည်၊ ကြက်သားမှုန့်နဲ့ငါပိနဲနဲထည့်၊ ပုဇွန်ခြောက်မှုန့်ထည့်(ကိုယ် တော့ မထည့်ထားဘူး) ပိန်းဥထည့်ပြီး ပြုတ်ထား။ထမင်းစားခါနီးမှ၊ ဟင်းရည်ကို ဆူအောင်လုပ်၊ ပိန်းရိုး၊ ပင် စိမ်း၊ ငရုတ်သီးစိမ်း (မီးကင်)ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်း၊ ဆီထမင်းစားဇွန်းတ၀က်ထည့်ပြီး ၅မိနစ် လောက်အဖုံးအုပ်ပြီပေးဆူလိုက်ရင် ထမင်းမြိန်စေမဲ့ အရည်သောက် ဟင်းလေးရပါပြီ



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP