Lorem Ipsum

ကြက်သားချဉ်

 Monday, January 17, 2011


ငါးချဉ်၊ ပုဇွန်ချဉ်၊ ၀က်သားချဉ်ပဲ ကြားဖူးကြတယ်မှလား။ အခုကြက်သားချဉ်တဲ့ :) ဗီယက်နမ် သူငယ်ချင်း တွေ ၀က်သားချဉ်လုပ်ပြီး အမြဲမေးကြတယ် စားမလားတဲ့ ကြည့်ရတာလည်း လှလှလေး ကြက်သွန်ဖြူနဲ့ ငရုတ်စိမ်းလေးလည်း အပေါ်မှာတင်လို့၊ ကြိမ်းထားလိုက်တယ် တရက်တော့ ကြက်သားနဲ့ လုပ်စားမယ်ပေါ့။ အခုတော့ လုပ်ဖြစ်သွားတယ်။ အစကတော့ အချဉ်တည်ရင် ဗီယက်နမ်က လာတဲ့ အမှုန့် ထည့်နေကျပါ။ ဟို နေ့က သွားဝယ်တော့ မရှိတာနဲ့ ဒီအထုတ်လေးနဲ့ပဲ လုပ်လိုက်တယ်။ တကယ်ဆိုရင်တော့ ချဉ်တာချင်းက တော့ အတူတူပါပဲ။ လုပ်နည်းပြောပါ့မယ်။

ပထမဆုံး ကြက်သား၊ ၀က်သား၊ အမဲသား ကြိုက်ရာကို သုံးပါ။ အကြေဖြစ်ရပါ့မယ်။ အသားတပေါင်ကို အချဉ်မှုန့် တထုတ် ( ကြက်သွန်မိတ်၊ ငရုတ်စိမ်း၊ ဆားနဲ့ အချိုမှုန့်ကြိုက်ရင်ထည့်ပါ )ထည့်ပြီးနယ်ပါ။ ပြီးရင် ဗန်းတခုထဲမှာ နယ်ထားတဲ့ အသားတွေကို ထည့်ပြီး အပေါ်မျက်နှာပြင်ညီအောင်ညှိ၊ လိုချင်တဲ့ အတုံးအရွယ်ဓါးနဲ့ရာပြီး အပေါ်ကနေ ငရုတ်စိမ်း စောင်းစောင်း လှီးထားတာတခုနဲ့ ကြက်သွန်ဖြူတခြမ်းတင် ပလပ်စတစ် အပျော့ လေးနဲ့ ဗန်းကို ပတ်လိုက်ပြီး ရေခဲသေတ္တာမှာ ထည့်ထားလိုက်ပါ။ နောက်နေ့ဆို ချဉ်နေပါပြီ။ ဒါကို ဒီတိုင်း စားကြသလို၊ ကြော်ပြီးလည်း ငရုတ်စိမ်းနဲ့ စားတတ်ကြပါတယ်။



ဒီအထုတ်နဲ့ လုပ်ထားတာပါ။












ကဲဒါလေးတွေကတော့ ကြော်ထားတာပါ စိတ်ရှိ လက်ရှိသာ ပုံတွေ တင်ထားပါတယ်။



ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP