Lorem Ipsum

ဗီယက်နမ် ၀က်ခေါက်ချဉ် လုပ်နည်း

 Wednesday, January 19, 2011


ဒီပုံက ဆင်တူမို့လို့ ယူထားတာပါ။ ဗီယက်နမ် Sausage တော့ မဟုတ်ပါဘူး။





ဗီယက်နမ် ၀က်ခေါက် (သို့) ၀က်သားချဉ် ဘယ်လိုလုပ်မလည်းလို့ ဆောင်း ကမေးလာပါတယ်။ ကိုယ်က လည်းဝက်သား မစားတာ ကြာနေပြီဆိုတော့ မသိပါဘူး။ ၀က်သားနဲ့ ပတ်သက်တာလည်း မချက်ဖြစ် တော့ဘူး။ ဒါပေမဲ့ သူငယ်ချင်းတယောက်ကို မေးခဲ့ပါတယ်။ သူကလည်း သေချာရှင်းပြခဲ့ပါတယ်။ ဆောင်း မေးတဲ့ ၀က်သားချဉ် ဟုတ်မဟုတ်တော့ မသိပါဘူး။ လုပ်နည်းပြောပြပါ့မယ်။

ဝက်နားရွက် နဲ့ ဗိုက်သား ၁ကီလို
Red Vinegar  1/2 လီတာ
ပဲငံပြာရည်အနှောက် 100gm
ဆား  1 ထမင်းစားဇွန်း
သကြား   100mg
ဂျင်း နုပ်နုပ်စဉ်း 1 လဖက်ရည် ပန်ကန်လုံး
ငရုတ်ကောင်း အစေ့အဖြူ 1 ရေစိမ်ပြီး (ထမင်းစားဇွန်း)

ဝက်နားရွက်ကို ရေသေချာဆေးပြီး ဗိုက်သားနဲ့ ရောပြုပ်။ နူးသွားလျှင် နုပ်နုပ်စဉ်းပါ။ တတ်နိုင်သလောက် နုပ်နုပ်စဉ်းပါ။ ဗီနီဂါ၊ ပဲငံပြာရည်၊ သကြား၊ ဂျင်း၊ ငရုတ်ကောင်းစေ့ (အစေ့လိုက်ထည့်ရန်) အားလုံးနဲ့ ရောပြီး ရေဆူ ခွက်ဝက်ထည့်ပြီး ခပ်ပျစ်ပျစ်လေးဖြစ်အောင် ချက်ရပါ့မယ်။ ရရင် အအေးခံထားပါ။

အ၀ိုင်း Saugage လိုအပြာခပ်ကြီးကြီး လိုချင်ရင်တော့ ရေသန့်ဗူး အသေးကို အပေါ်ပိုင်းဖြတ်လိုက်ပြီး အဲ့ဒီ ထဲကို ချက်ထားတဲ့ ၀က်သားကို သိပ်ထည့်ပြီး အပေါ်ကနေ ပလတ်စတစ်နဲ့ ဖုံးပြီးချည်လိုက်ပါ။ နောက်ရေ ခဲသေတ္တာထဲ ထည့်ထားပါ။ နောက်တနေ့ဆို ပါးပါးလှီးစားလို့ရပါပြီ။ ပုလင်းထဲ မထည့်ချင်လည်း ဗူးတဗူးထဲ ထည့်လို့ရပါတယ်။ ပုလင်းထဲထည့်တာက အ၀ိုင်း အရှည်လေး ဖြစ်ဖို့သာဖြစ်ပါတယ်။

လုပ်နည်းပြောပြတဲ့ သူငယ်ချင်း May Lynn Win ကိုလည်း ကျေးဇူးတင်ပါတယ်။


ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP