Lorem Ipsum

ငါးပိထမင်းသုပ်

 Thursday, January 27, 2011








ငါးပိထမင်းသုပ်ပါ။ တခါမှတော့ မစားဖူးဘူး။ ထိုင်းက သူငယ်ချင်းက ငပိထင်းသုပ်စားတယ် ဆိုတော့ ကိုယ်လည်း စားချင်နေတယ်။ တခါကလည်း ဘလောဂ့်တခုမှာ ဖတ်ဖူးတယ်။ ထိုင်းငပိထမင်းသုပ်တဲ့။ သူတို့လို ကြက်ဥကြော်တွေ ပဲသီးတွေတော့ မပါပါဘူး။ သူတို့နည်းကိုယူပြီး ကိုယ်ပြင်ချင်သလို ပြင်ပါတယ်။

ကြက်သွန်ဖြူဆီသတ်ပြီး၊ စိမ်းစာငါးပိကို မီးကင်ပြီးထည့်ကြော်ပါတယ်။ ပြီးရင် ထမင်းဖွပြီးထည့်၊ အချိုမှုန့်နဲနဲ၊ ပုဇွန်ခြောက်မှုန့်ထည့်ပြီး နယ်လိုက်ရင်ရပါပြီ ထမင်းသုပ်။ မြေပဲကြော်လိုက်တယ်။ ကိုက်စားရတာ ကြိုက် လို့ပါ။










ငါးပိထမင်းသုပ်နဲ့တွဲစားဖို့ သရက်သီးသုပ်ပါတယ်။ သရက်သီးကို အခွံနွှာပြီး ဓါးနဲ့ပေါက်ပါတယ်။ ပြီးမှ ခါဂျယ်ဥ နဲနဲလှီးထည့်၊ မြေပဲလှော်ပြီး အခြမ်းလိုက်ထည့်၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်စိမ်း၊ ငရုတ်ခြောက်(မညှက် တညှက်ထောင်း) ဆီစိမ်းနဲနဲထည့်သုပ်ပါတယ်။ ပြီးမှ သခွါးသီးကတော့ ကိုက်စားဖို့လှီးလိုက်တာပါ။ စိတ်ကူး ပေါက်ပြီးရံလိုက်တယ်။









ငါးတပိုင်းက ချက်စားလိုက်တယ်။ တပိုင်းကျန်နေတာကို ကြော်လိုက်တယ်။




အာရှဆိုင်က အရွက်(အမည်မသိ) ကို ပုဇွန်ခြောက်နဲ့ ဟင်းရည်လုပ်ပါတယ်။




 

ခင်မင်စွာဖြင့်
Baby taster


Post a Comment

:)

Powered by Blogger.

Blog template by simplyfabulousbloggertemplates.com

Back to TOP